Top News

ရန်ကင်းမြို့နယ် မိုးကောင်းရတနာဆေးရုံကို ရှော့တိုက်ဒုံးဟုယူဆရသော လက်နက်ဖြင့်ပစ်ခတ်ခံရမှုဖြစ်ပွား
24htopnews | September 18, 2024 8:12 PM CST

ရန်ကင်းမြို့နယ် မိုးကောင်းလမ်း၊ မိုးကောင်းရတနာဆေးရုံကို ရှော့တိုက်ဒုံးဟုယူဆရသော လက်နက်ဖြင့် ဇူလိုင် ၂၁ ရက်ည ၁၀ နာရီက ပစ်ခတ်ခံရကြောင်း အနီးနေထိုင်သူများထံမှ သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့်  ဆေးရုံရှေ့ရှိ အုတ်တံတိုင်းခတ်ထားသည့် ဘောလုံးကွင်းအတွင်း ခြံစည်းရိုးရှိ ကျွန်းပင်အားထိမှန်ကာ ထက်ပိုင်းကျိုးကျခဲ့ကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။

ထိုပြင် ဆေးရုံအုတ်နံရံလည်း ဆက်လက်ထိမှန်ကာအုတ်နံရုံတွင် အနည်းငယ်ပျက်စီးသွားကြောင်း အနီးနေထိုင်သူများက ဆက်လက်ပြောကြားသည်။

“ည ၁ဝနာရီလောက်မှာ အုန်း ဆိုပြီး အသံအကျယ်ကြီးကြားရတယ်။ မနက်ကျတော့မှ မိုးကောင်းရတနာဆေးရုံရှေ့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အများကြီး စစ်ဆေးနေတာ တွေ့တယ်။ ဆေးရုံရှေ့က ကျွန်းပင်ကလည်း ထက်ပိုင်းကျိုးကျနေတာ တွေ့တယ်။ နောက်တော့မှ ဆေးရုံပစ်ခတ်ခံရတာ သိတယ်” အနီးနေထိုင်သူများက ပြောကြားသည်။

အခင်းဖြစ်ပွားပြီးနောက် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင်လည်း   ယင်းနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ယာဉ်များရောက်ရှိလာခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ NOM သတင်းဌာန၏ဖော်ပြချက်အရ ရန်ကင်းမြို့နယ်၊(၁၅) ရပ်ကွက်၊ မိုးကောင်းလမ်း၊ မိုးကောင်းရတနာဆေးရုံကို ရှော့တိုက်ဒုံးဟုယူဆရသော လက်နက်ဖြင့် ဇူလိုင်လ၂၀ ရက်ည ၉း၅၀ နာရီက ပစ်ခတ်ခံရကြောင်းသိရသည်။

မိုးကောင်းရတနာဆေးရုံရှေ့ခြံစည်းရိုးခတ်ထားသည့် ဘောလုံးကွင်းအတွင်းမှ ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့်ဘောလုံးကွင်းခြံစည်းရိုးရှိ ကျွန်းပင်အားထိမှန်ကာ ကျွန်းပင်ကျိုးကျခဲ့သည်။

ထို့နောက်ဆေးရုံအုတ်နံရံအား ဆက်လက်ထိမှန်ကာ အုတ်နံရံတွင်လေးလက်မခန့်အပေါက်ဖြစ်ခဲ့ကြောင်းသိရသည်။ ဘောလုံးကွင်းအတွင်း သံကြွပ်အပိုင်းအစများ၊ အလျားသုံးပေရှိ PVC ပိုက်အခြမ်း၊ ဘက်ထရီအိုးတစ်လုံးတွေ့သဖြင့် ရှော့တိုက်ဒုံးဟုယူဆရသော လက်နက်ဖြင့်ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်းသိရသည်။


READ NEXT
Cancel OK