Top News

နှစ်နှစ်အတွင်း အမေရိကန်ပြည်ထောင်စု၌ ဖြစ်ပွားခဲ့သည့် ထင်ရှားသော ပစ်ခတ်မှုများ
24htopnews | September 17, 2024 11:12 PM CST

သြဂုတ် ၃၁ ရက်တွင် အသက် ၃၀ ကျော်  အရွယ်ရှိ လူဖြူအမျိုးသားတစ်ဦးသည် အနောက်တက္ကဆက် ပြည်နယ်ရှိ မစ်လန်း နှင့် အိုဒက်ဆာ မြို့နှစ်မြို့အကြား၌ သေနတ်တစ်လက်ဖြင့် ပစ်ခတ်ခဲ့ရာ လူ လေးဦး သေ ဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆိုပါသေနတ်သမားကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။

လူစည်ကားသည့် လေဘာဒေး သီတင်းပတ်အကုန် အားလပ်ရက်တွင်  သေနတ်သမားသည် စာပို့ဗင်ကားတစ်စီးကို ပြန်ပေးဆွဲခဲ့ပြီး ရဲအရာရှိများ၊ မော်တော်ဆိုင်ကယ်သမားများနှင့် စျေးဝယ်သူများကို ပစ် ခတ်ခဲ့ပြီးနောက် အိုဒက်ဆာမြို့ ရုပ်ရှင်ရုံတစ်ရုံအပြင်ဘက်တွင် ရဲတပ်ဖွဲ့၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။

အာဏာပိုင်များသည် အစောပိုင်းက ယာဉ်နှစ်စီးကို မောင်းနှင်လာသည့် ပစ်ခတ်သူမှာ နှစ်ဦး ဖြစ်မည်ဟု ယူဆခဲ့ သော်လည်း အိုဒက်ဆာရဲတပ်ဖွဲ့အကြီးအကဲ မိုက်ကယ် ဂါကီက သြဂုတ် ၃၁ ရက် ညနေတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သေနတ်သမားသည် တစ်ဦးတည်းသာ ဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

နှစ်နှစ်အတွင်း အမေရိကန်ပြည်ထောင် စု၌ ဖြစ်ပွားခဲ့သည့် လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်မှုများထဲမှ ထင်ရှားသည့် အချို့ ဖြစ်ရပ်များကို ဖော်ပြပေးလိုက်ပါသည်။

 

သြဂုတ် ၃၁ ရက်၊ ၂၀၁၉

အနောက်တက္ကဆက်ပြည်နယ် မစ် လန်းနှင့် အိုဒက်ဆာမြို့ရှိ နေရာများတွင် ပစ် ခတ်မှုများ ဖြစ်ပွားခဲ့သည်။ လူငါးဦး သေဆုံး ခဲ့သည်။

 

သြဂုတ် ၄ ရက်၊ ၂၀၁၉

သံချပ်ကာ အကျႌဝတ်ဆင်ထားသည့် သေနတ်သမားတစ်ဦးသည် အိုဟိုင်းအိုးပြည်နယ် ဒေတန်မြို့ရှိ လူစည်ကားသည့် ညစျေး တစ်ခု၌ ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူကိုးဦး သေဆုံးခဲ့သည်။ ယင်းနေရာ၌ ရဲတပ်ဖွဲ့က ကင်းလှည့်လျက်ရှိသောကြောင့် သေနတ် သမားကို ပစ်သတ်နိုင်ခဲ့သည်။

 

သြဂုတ် ၃ ရက်၊  ၂၀၁၉

တက္ကဆက်ပြည်နယ် အယ်ပါဆိုမြို့ရှိ စျေးဝယ်စင်တာတစ်ခု၌ သေနတ်သမား တစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူပေါင်း ၂၂ ဦး သေဆုံးပြီး လူပေါင်း ၂၄ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့သည်။ မသင်္ကာသူ သေနတ်သမားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်။

 

မေ ၃၁ ရက်၊ ၂၀၁၉

၀ါရင့်မြို့ပြ ဝန်ထမ်းတစ်ဦးဖြစ်သော ဒေဝိန်းခရက်ဒေါက်သည် ဗာဂျီးနီးယားဘိချ် အစိုးရအဖွဲ့ ရုံးများရှိရာ အဆောက်အအုံ တစ်ခုကို ဝင်ရောက်ပစ်ခတ်ခဲ့သည်။ သူ သည် လူပေါင်း ၁၂ ဦး သေဆုံးစေခဲ့ပြီး အ ခြား လူအများအပြားကို ဒဏ်ရာရစေခဲ့ သည်။ ယင်းနောက် သူသည် ရဲတပ်ဖွဲ့ထံ လက်နက်ချခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၉

အီလီနွိုက်ပြည်နယ် အော်ရိုရာမြို့ရှိ ထုတ်လုပ်ရေးစက်ရုံတစ်ရုံ၌ ဂယ်ရီမာတင် ဆိုသူသည် လုပ်ဖော်ကိုင်ဖက် ငါးဦးကို ပစ် သတ်ခဲ့သည်။ သူသည် စည်းကမ်းထိန်းသိမ်း ရေးဆိုင်ရာ အစည်းအဝေးတစ်ရပ် ကျင်းပ နေရာသို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သူသည် အခြားဝန်ထမ်းတစ်ဦးကိုလည်း ဒဏ်ရာရစေခဲ့ပြီး ချီကာဂိုမြို့ ဆင်ခြေဖုံးဒေသ ရှိ စက်ရုံသို့ ပထမဆုံးရောက်ရှိလာသည့် ရဲအရာရှိများအနက် ငါးဦးကိုလည်း ဒဏ်ရာ ရစေခဲ့သည်။ ယင်းနောက် သူသည် ရဲတပ်ဖွဲ့ နှင့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် သေ ဆုံးခဲ့သည်။

 

နိုဝင်ဘာ ၇ ရက်၊ ၂၀၁၈

ကယ်လီဖိုးနီးယားပြည်နယ် သောင်း ဆန့်အုက်မြို့ရှိ ကန်းထရီးမြူးဇစ်ဘားတစ်ခု ၌ အီယန်ဒေးဗစ်လောင်းဆိုသူသည် လူ ၁၂ ဦးကို ပစ်သတ်ပြီးနောက် မိမိကိုယ်မိမိ သတ် သေခဲ့သည်။ သူသည် အာဖဂန်နစ္စတန်နိုင်ငံ တွင် တိုက်ပွဲဝင်ခဲ့သော ၀ါရင့်မရိန်းတပ်သား တစ်ဦးဖြစ်သည်။

 

အောက်တိုဘာ ၂၇ ရက်၊ ၂၀၁၈

ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်တာ စဘတ်မြို့ Tree of Life  အမည်ရှိ ရဟူဒီဘုရားရှိခိုးကျောင်းတွင် နံနက်ခင်းဝတ်ပြုမှု ပြုလုပ်နေစဉ်အတွင်း ရောဘတ်ဘိုဝါဆိုသူ က ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူပေါင်း ၁၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

ယင်းသည် သမိုင်း၌ အမေရိကန် ပြည်ထောင်စုတွင် ဂျူးများအပေါ် တိုက်ခိုက် မှုနှင့်ပတ်သက်၍ အသေအပျောက် အများ ဆုံး ဖြစ်သည်။

 

ဇွန် ၂၈ ရက်၊ ၂၀၁၈

မေရီလန်းပြည်နယ် အန်နာပိုလစ်မြို့ရှိ  ကက်ပီတယ်ဂေဇက် ရုံးခန်းများ၏ ပြတင်း ပေါက်များကို ဖြတ်သန်းကာ ဂျာရော့ရာမို့စ် ဆိုသူက ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ယင်း နောက် သူသည် ယင်းအဆောက်အအုံရှိ ဝန်ထမ်းများကို ထပ်မံ ပစ်ခတ်ခဲ့သည်။ ထို့ ကြောင့် The Capital သတင်းစာတိုက်မှ ဝန်ထမ်းငါးဦး သေဆုံးခဲ့သည်။ အာဏာပိုင် များက ရာမို့စ်သည် တိုက်ခိုက်မှုမပြုလုပ်မီ အဆိုပါ သတင်းစာတိုက်သို့ ခြိမ်းခြောက်စာ များ ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

မေ ၁၈ ရက်၊ ၂၀၁၈

တက္ကဆက်ပြည်နယ် ဆန်တာဖေးမြို့ ရှိ ဆန်တာဖေးအထက်တန်းကျောင်း အနု ပညာသင်တန်းတစ်ခုအား ဒီမီထရီယိုပါဂွက် ဇစ်ဆိုသူက ဝင်ရောက်ပစ်ခတ်ခဲ့သည်။ သူ သည် အသက် ၁၇ နှစ်သာရှိသေးပြီး သူ၏ ပစ်ခတ်မှုကြောင့် ကျောင်းသား ရှစ်ဦးနှင့် ဆရာနှစ်ဦး သေဆုံးခဲ့သည်။ အခြား ၁၃ ဦး လည်း ဒဏ်ရာများရရှိခဲ့သည်။ ယင်းနောက်  အဆိုပါ ကျောင်းဝင်းအတွင်းနှင့် ကျောင်းဝင်း အပြင်ဘက်တို့၌ ဖောက်ခွဲရေးပစ္စည်းများကို တွေ့ရှိရသည်။

 

ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၁၈

ဖလော်ရီဒါပြည်နယ် ပက်လန်းမြို့ရှိ မာဂျော်ရီစတုန်းမန်းဒေါက်ဂလက် အထက် တန်းကျောင်းသို့ နီကိုလက်ခရုဇ်ဆိုသူက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ကျောင်းသားနှင့် ဝန်ထမ်း ၁၇ ဦး သေဆုံးခဲ့သည်။ ယင်းသည် အမေရိကန်သမိုင်း၌ ကိုလန်ဘိုင်းအထက် တန်းကျောင်း ပစ်ခတ်မှုကို ကျော်လွန်ကာ အထက်တန်းကျောင်းတစ်ကျောင်း၌ ဖြစ်ပွား သော ပစ်ခတ်မှုများအနက် လူအသေအ ပျောက်အများဆုံး ဖြစ်ခဲ့သည်။

 

နိုဝင်ဘာ ၅ ရက်၊ ၂၀၁၇

အိမ်တွင်းအကြမ်းဖက်မှုကြောင့် ရုံး တင်စစ်ဆေးခံရကာ လေတပ်မှ ထုတ်ပယ် ခြင်းခံရသော ဒီဗင်ပက်ထရစ်ကယ်လီဆိုသူ သည် AR စတိုင် သေနတ်တစ်လက်ကို ကိုင်ဆောင်ကာ တက္ကဆက်ပြည်နယ် ဆူသာလန်း စပရင်းမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ် ခုအတွင်း စုဝေးဝတ်ပြုမှု ပြုလုပ်နေစဉ် ဝင် ရောက်ပစ်ခတ်ခဲ့ရာ လူပေါင်း ၂၄ ဦးထက် မနည်း သေဆုံးခဲ့သည်။

 

အောက်တိုဘာ ၁ ရက်၊ ၂၀၁၇

လက်စ်ဗေးဂတ်စ်စထရစ်၌ ပြုလုပ် သော လဟာပြင် ဂီတပွဲတော်တစ်ခုအား စတီဖင်ပက်ဒေါက်ဆိုသူက ဟိုတယ်တစ်ခု ၏ ၃၂ ထပ်မှနေ၍ ပစ်ခတ်ခဲ့သည်။ လူ ပေါင်း ၅၈ ဦး သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ SWAT တပ်ဖွဲ့ဝင်များသည် သူ ၏ အခန်းသို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ ရာ မိမိကိုယ်မိမိ သတ်သေသွားခဲ့သည့် သူ့အား တွေ့ရှိခဲ့ရသည်။

 


READ NEXT
Cancel OK