Top News

ဥရောပအလယ်ပိုင်းနှင့် အရှေ့ဥရောပတွင် ရေလွှမ်းမိုးမှုများကြောင့် လူ‌ေ-သဆုံးမှုများရှိနေ
24htopnews | September 16, 2024 8:12 PM CST

ဘောရစ်မုန်တိုင်းကြောင့် ဥရောပအလယ်ပိုင်းနှင့် အရှေ့ဥရောပတစ်ခွင်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဩစတြီးယားတွင် ရေကြီးရေလျှံမှုအတွင်း မီးသတ်သမားတစ်ဦး ‌ေ-သဆုံးခဲ့ကာ ပိုလန်တွင် လူတစ်ဦး ရေနစ်‌ေ-သဆုံးခဲ့သည်။

ရိုမေးနီးယားတွင် လူငါးဦး ‌ေ-သဆုံးခဲ့ပြီး ချက်သမ္မတနိုင်ငံ၌ ‌ေ-သဆုံးမှုများမှာမူ စာရင်းမရရှိသေးပေ။ မိုးရွာသွန်းမှုမှာ သုံးရက်အတွင်း ချက်သမ္မတနိုင်ငံ၌ အဆိုးရွားဆုံးဖြစ်သည်။

ပိုလန်ဝန်ကြီးချုပ် Donald Tusk ကလည်း သဘာဝဘေးဒဏ်သင့်သည့် အခြေအနေဖြစ်ကြောင်း ကြေညာခဲ့သည်။

ပိုလန်ရှိ Kłodzko ဒေသတွင် လူပေါင်း ၁၇၀၀၀ ခန့်သည် လျှပ်စစ်မီး ပြတ်တောက်မှုကိုရင်ဆိုင်နေရပြီး အင်တာနက်နှင့် မိုဘိုင်းတယ်လီဖုန်း ချိတ်ဆက်မှုလည်း ပြတ်တောက်နေလျက်ရှိသည်။

သြစတြီးယားနိုင်ငံဒေသအချို့တွင်လည်း သဘာဝဘေးအန္တရာယ်နယ်မြေအဖြစ် ကြေညာခဲ့ပြီး “မကြုံစဖူး လွန်ကဲသောအခြေအနေ” ဟု တာဝန်ရှိသူများက ဆိုကြသည်။

ဩစတြီးယားတွင် ရေလျှံနေသော မြေအောက်ခန်းကိုတစ်ခုမှ ရေကို စုပ်ထုတ်စဉ် မီးသတ်သမားတစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး Johanna Mikl-Leitner က ပြောကြားခဲ့သည်။

သြစတြီးယားနိုင်ငံ အောက်ပိုင်းပြည်နယ်တစ်ခုလုံးကို ကပ်ဘေးဇုန်အဖြစ် ကြေညာလိုက်ပြီဟုလည်း သူမက ပြောပါတယ်။

ရထားခရီးစဉ်အများအပြားကို ဖျက်သိမ်းခဲ့ပြီး ဗီယင်နာမြေအောက်လမ်းအချို့ကိုလည်း ပိတ်ထားရကာ ကားလမ်းမတစ်ခုထက်မနည်း ရေလွှမ်းမိုးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK