Top News

မိုးအလွန်သည်းထန်မည့် သတိပေးချက်ကြောင့် နာဂဒေသလဟယ်မြို့ရှိ အိမ် (၃၀) ကျော် ပြောင်းရွေ့ထား
24htopnews | October 3, 2024 12:12 AM CST

မိုးအလွန်သည်းထန်မည့် သတိပေးချက်ကြောင့် နာဂဒေသ၊ လဟယ်မြို့ရှိ အိမ် (၃၁) အိမ်မှ မိသားစုများကို ပြောင်းရွေ့ထားရကြောင်း သိရသည်။

လဟယ်မြို့ပေါ် ချောင်းဘေး၊ ကမ်းပါးဘေးတွင် နေထိုင်ကြသည့် အိမ်ခြေ(၃၁)လုံး၊ လူဦးရေ ကျား(၄၈)ဦး၊ မ(၇၀)ဦး စုစု‌ပေါင်း (၁၁၈) ဦးတို့အား ဘေးလွတ်ရာ ဆွေမျိုးများထံ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း သိရသည်။

လဟယ်မြို့နယ်အတွင်း အောက်တိုဘာလ (၂)ရက် ညနေ (၅)နာရီမှ အောက်တိုဘာလ (၃) ရက် ညနေ (၃)နာရီအတွင်းထူးခြားမိုးလေဝသ အခြေအနေအဖြစ် မိုးအထူးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည့်အတွက် သဘာ၀ဘေးကြိုတင်သတိပေးနှိုးဆော်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးကြို တင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေးပစ္စည်းနှင့် ယာဉ်ယန္တရားများ စုဖွဲ့ခြင်း၊ ကြိုတင်အသိပေး လှည့်လည်ကြေငြာခြင်း၊ ကျေးရွာများအားလုံးသို့ ဆက်သွယ်ရေးစက်များဖြင့် ထပ်ခါထပ်ခါ အသိပေးဆောင်ရွက်ခြင်း၊ မြစ်ချောင်းများ တောင်စောင်းများအနီးရှိ နေအိမ်များ ကြိုတင်ရွှေ့ပြောင်းရေး ဆောင်ရွက်လျှက်ရှိကြောင်း‌ သိရသည်။

ထို့ပြင် သဘာ၀ဘေးအန္တရာယ် ကျရောက်ပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ၊ ရပ်ကွက်ပြည်သူများအား ကော်မတီစုဖွဲ့ပြီး ကွပ်ကဲရေးရုံးကို လဟယ်မြို့ မာလာတောင် အားကစားခန်းမ၌ ဖွင့်လှစ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေးပစ္စည်းနှင့် ယာဉ်ယန္တရားများ စုဖွဲ့ထားရှိမှုအခြေအနေကို နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း က လှည့်လည်ကြည့်ရှု့ပြီး လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK