Top News

■ ဘာပေသည် လက်ရှိအချိန်တွင် မက်ဆီထက် ပိုကောင်းသည်ဟု ချူယာမန်နီ ဆို
24htopnews | September 16, 2024 5:13 PM CST

ပြင်သစ်လက်ရွေးစင်အသင်း၏ ကွင်းလယ်ကစားသမား ချူယာမန်နီက လက်ရှိအချိန်၌ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် အာဂျင်တီး နားဝါရင့်တိုက်စစ်မှူး မက်ဆီထက် ပိုကောင်းသည့် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ပြီး လာမည့်တနင်္ဂနွေနေ့တွင် သက်သေပြလိမ့်မည်ဟု ပြောကြားခဲ့သည်။ 

ပြင်သစ်နှင့် အာဂျင်တီးနားအသင်းတို့သည် တနင်္ဂနွေနေ့တွင် ကမ္ဘာ့ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းအသင်းနှစ်သင်း ဗိုလ်လုပွဲသို့ ရောက်ရှိလာရာ၌ ဘာပေနှင့် မက်ဆီတို့မှာ အရေးအပါဆုံးကစားသမားများ ဖြစ်ခဲ့သည်။ 

လက်ရှိအချိန်၌ နှစ်ဦးစလုံး (၅)ဂိုးစီသွင်းယူကာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပူးတွဲဦးဆောင်နေ သလို၊ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကိုလည်း မက်ဆီက (၄)ကြိမ်၊ ဘာပေက (၃)ကြိမ် ရရှိခဲ့သည်။ 

ထို့ကြောင့် ဗိုလ်လုပွဲတွင် ချန်ပီယံဆုဖလားကိုသာမက အကောင်းဆုံးကစားသမားဆုနှင့် ဂိုးသွင်းအများဆုံးကစားသမားဆုများ ကိုလည်း ၎င်းတို့နှစ်ဦး အပြိုင်လုရဖွယ်ရှိနေသည်။ 

ယင်းအခြေအနေအတွင် ချူယာမန်နီက "ကျွန်တော့်အတွက်တော့ ဘာပေက အကောင်းဆုံးပါပဲ။ တနင်္ဂနွေနေ့မှာ ဒါကို သူ သက်သေပြပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ 

သို့သော် ပြင်သစ်အသင်းတွင် ခြေစွမ်းပြနေသည့် ဂရီးဇ်မန်းကမူ မက်ဆီသည် လက်ရှိဘောလုံးလောက၏ အကောင်းဆုံးဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK