Top News

■ ဘန်ဇီမာသတင်းကို ဖြေကြားရန် ပြင်သစ်နည်းပြ ဒေးရွှမ့် ငြင်းဆန်
24htopnews | September 16, 2024 5:13 PM CST

ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာသည် ဒဏ်ရာပျောက်ကင်းခဲ့ပြီဖြစ်၍ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုကို ပြင်သစ်နည်းပြ ဒေးရွှမ့်က ဖြေကြားရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။    

ဘန်ဇီမာသည် ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ လေ့ကျင့်မှုအစီအစဉ်တွင် ပေါင်ဒဏ်ရာရရှိခဲ့သောကြောင့် ပြိုင်ပွဲတစ်ခုလုံးနှင့် လွဲချော်ရမည်ဟု သတင်းထွက်ခဲ့သော်လည်း ယခုအခါ ဒဏ်ရာမှ ပြန်ကောင်းလာခဲ့သည်။ 

ပြင်သစ်အသင်း သည် ၎င်း ဒဏ်ရာရခဲ့သော်လည်း အစားထိုးခေါ်ယူခြင်းမပြုခဲ့သောကြောင့် ၎င်းအနေဖြင့် ပြင်သစ်အသင်းလူစာရင်းတွင် ရှိနေပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲ၌ ပါဝင်ကစားရန် အခွင့်အရေးရှိနေကြောင်း သတင်းထွက်လာခြင်းဖြစ်သည်။ 

ထို့ကြောင့် Ballon d'Or ဆုရှင် ဘန်ဇီမာကို ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် မြင်တွေ့ရနိုင်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။ 

သို့သော် နည်းပြ ဒေးရွှမ့်က ဖြေကြားရန် ငြင်းဆန်ခဲ့သလို၊ ဟန်ချက်မိနေသည့် အသင်း၏လူစာရင်းကို အပြောင်းအလဲပြုလုပ်ဖွယ်မရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။


READ NEXT
Cancel OK