Top News

■ ဘရာဇီးလ်နောက်ပိုင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ နှစ်ကြိမ်ဆက်တက်နိုင်သည့်အသင်းအဖြစ် ပြင်သစ် မှတ်တမ်းဝင်     
24htopnews | September 16, 2024 5:13 PM CST

ကမ္ဘာ့ဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ပြင်သစ်အသင်းသည် ဘရာဇီးလ်အသင်းနောက်ပိုင်း ဗိုလ်လုပွဲသို့ နှစ်ကြိမ်ဆက်တက်ရောက်နိုင်သည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

    

ဗုဒ္ဓဟူးနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ဆီမီးဖိုင်နယ် ဒုတိယနေ့တွင် ပြင်သစ်အသင်းက မော်ရိုကိုအသင်းအား (၂-၀) ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး နောက်ယင်းမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ 

သို့ရာတွင် ဘရာဇီးလ်အသင်းမှာမူ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အများဆုံးအဖြစ် (၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂)များ၌ (၃)ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ 

    

ပြင်သစ်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ စုစုပေါင်း(၄)ကြိမ်မြောက် တက်ရောက်နိုင်ခြင်းဖြစ်ပြီး ၂၀၁၈၊ ၂၀၂၂ နှစ်ကြိမ်ဆက် တက်ရောက်ခြင်းလည်းဖြစ်သည်။ 

ထို့ပြင် ပြင်သစ်အသင်းအနေဖြင့် ၁၉၃၄၊ ၁၉၃၈ ပြိုင်ပွဲတွင် အီတလီ၊ ၁၉၅၈၊ ၁၉၆၂ ပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းတို့ နှစ်ကြိမ်ဆက် ဗိုလ်စွဲပြီးနောက်ပိုင်း ချန်ပီယံဆုကာကွယ်နိုင်သည့် တတိယမြောက်အသင်းဖြစ်လာရန် အခွင့်အရေးရှိနေသည်။

    

အာဂျင်တီးနားနှင့် ပြင်သစ်အသင်းတို့၏ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဒီဇင်ဘာ (၁၈)ရက်တွင် Lusail Stadium ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK