Top News

■ ဘရာဇီးလ်၏ ကမ်းလှမ်းမှုကို ဂွါဒီယိုလာ ပယ်ချခဲ့ဟု ရော်နယ်လ်ဒို ဆို     
24htopnews | September 16, 2024 5:13 PM CST

ဘရာဇီးလ်အသင်း၏ ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုက မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ဘရာဇီးလ်လက်ရွေးစင်နည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ကြာသပတေးနေ့က အတည်ပြုပြောကြားခဲ့သည်။ 

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်သည် နည်းပြ ထိထီနှင့်လမ်းခွဲပြီးနောက် အစားထိုးခန့်အပ်ရန် ထိပ်တန်းနည်းပြများစွာကို ချိန်ရွယ်နေရာ ဂွါဒီယိုလာကို ဦးစွာကမ်းလှမ်းခဲ့သော်လည်း ၎င်းက မန်စီးတီးအသင်းတွင် ဆက်နေရန်သာ ဆုံးဖြတ်ခဲ့ကြောင်း ရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။ 

"ဂွါဒီယိုလာနဲ့ ဆွေးနွေးခဲ့ပေမဲ့ သူက မန်စီးတီးမှာ ဆက်နေဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်"ဟု ရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။

စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာသည် ပြီးခဲ့သည့် နိုဝင်ဘာလကမှ မန်စီးတီးအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုထားသူလည်း ဖြစ်သည်။ 

သို့သော် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF) ဥက္ကဋ္ဌသည် ၂၀၂၂-၂၃ ရာသီကုန်အထိ စောင့်ကြည့်ကာ ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် ဂွါဒီယိုလာနှင့် ဆွေးနွေးသွားရန် စီစဉ်နေကြောင်း သိရသည်။ 


READ NEXT
Cancel OK