Top News

■ မော်ရိုကိုအသင်း၏ အဝတ်လဲခန်းအထိ သွားရောက်ပြီး ပြင်သစ်သမ္မတ မက်ခရွန် ချီးကျူးဂုဏ်ပြုခဲ့     
24htopnews | September 16, 2024 5:13 PM CST

ပြင်သစ်နိုင်ငံ၏ သမ္မတဖြစ်သူ အီမန်နူရယ်မက်ခရွန်သည် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲအပြီးတွင် မော်ရိုကိုအသင်း၏ အဝတ်လဲခန်းအထိ သွားရောက်ကာ မော်ရိုကိုအသင်း၏ ကစားပုံအတွက် ချီးကျူးဂုဏ်ပြုမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    

မော်ရိုကိုအသင်းသည် အာဖရိကအသင်းများအနက် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံး တက်ရောက်နိုင်သည့် အသင်းနှင့် အာရပ်နိုင်ငံများအနက်လည်း ပထမဆုံး ဆီမီးဖိုင်နယ်ရောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

သို့သော် မော်ရိုကိုအသင်းသည် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင်မူ လက်ရှိချန်ပီယံ ပြင်သစ်အသင်းအား နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

    

ပြင်သစ်သမ္မတ မက်ခရွန်သည် ပွဲအပြီးတွင် မော်ရိုကိုအသင်း၏ အဝတ်လဲခန်းသို့သွားရောက်၍ ချီးကျူး ဂုဏ်ပြုခဲ့ပြီး ကွင်းလယ်လူ အမ်ရာဘတ်မှာလည်း ယခုပြိုင်ပွဲ၏ အကောင်းဆုံးကွင်းလယ်လူဖြစ်ကြောင်း ချီးမွမ်းခဲ့သည်။ 

ထို့နောက် မက်ခရွန်သည် ပြင်သစ်အသင်း၏ အဝတ်လဲခန်းအတွင်း နည်းပြ ဒေးရွှမ့်အပါအဝင် ကစားသမားများနှင့်အတူ အောင်ပွဲခံခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK