Top News

■ အမျိုးသမီးကမ္ဘာ့ဖလားတွင် ကစားသမား (၂၃)ဦးသာ ခွင့်ပြုမည်     
24htopnews | September 16, 2024 5:13 PM CST

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)သည် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပမည့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ (၂၃)ဦးသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ 

FIFA သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းတစ်သင်းလျှင် ကစားသမား(၂၆)ဦးအထိ ရွေးချယ်ဖွဲ့စည်းခွင့်ပြုခဲ့သော်လည်း အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ ပုံမှန်အတိုင်း (၂၃)ဦးသာ ခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

အင်္ဂလန်နှင့် ဂျာမနီအမျိုးသမီးအသင်းနည်းပြများက အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲနည်းတူ ကစားသမား(၂၆)ဦး ခေါ်ယူခွင့်ပြုရန် တောင်းဆိုမှုကို ဖီဖာက ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်များအဖြစ် ၂၀၂၃ ခုနှစ် ဇူလိုင်(၂၀)မှ သြဂုတ်(၂၀)အထိ လက်ခံကျင်းပသွားမည်ဖြစ်သည်။


READ NEXT
Cancel OK