Top News

■ မက်ဆီကို မိမိတို့ မကြောက်ရွံ့ဟု ပြင်သစ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ် ဆို     
24htopnews | September 16, 2024 5:13 PM CST

ပြင်သစ်အသင်း၏ နောက်ခံလူ သီယိုဟာနန်ဒက်ဇ်က မိမိတို့အနေဖြင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို ကြောက်ရွံ့ခြင်းမရှိဟု ပြောကြားခဲ့သည်။ 

အာဂျင်တီးနားနှင့် ပြင်သစ်အသင်းသည် ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ဒီဇင်ဘာ (၁၈)ရက်တွင် Lusail Stadium ၌ ကစားမည်ဖြစ်သည်။ 

အဆိုပါပွဲစဉ်မတိုင်မီ သီယိုဟာနန်ဒက်ဇ်က အာဂျင်တီးနားအသင်းမှ ကမ္ဘာကျော်တိုက်စစ်မှူး မက်ဆီကို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

သီယိုဟာနန်ဒက်ဇ်က "ကျွန်တော်တို့ မက်ဆီကို မကြောက်ပါဘူး။ ဒါပေမဲ့ အာဂျင်တီးနားက အသင်းကောင်းတစ်သင်းဆိုတာကိုတော့ သိထားပါတယ်။ အခု ကျွန်တော်တို့ ဗိုလ်လုပွဲအကြောင်းပဲ တွေးရမှာပါ။ ဘယ်လို အကောင်းဆုံးဖြစ်အောင် လုပ်မလဲဆိုတာပဲ တွေးရမှာပါ"ဟု ပြောကြားခဲ့သည်။

သီယိုဟာနန်ဒက်ဇ်သည် အစ်ကိုဖြစ်သူ လူးကပ်စ်ဟာနန်ဒက်ဇ် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ပြင်သစ်အသင်းတွင် ပွဲထွက်ကစားခွင့်ရနေသူဖြစ်ပြီး မော်ရိုကိုအား (၂-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သူလည်း ဖြစ်သည်။ 


READ NEXT
Cancel OK