Top News

ဆေးသုတေသန ဦးစီးဌာနမှ စစ်ဆေးတွေ့ရှိခဲ့သော COVID-19 လူနာသစ် ခုနစ်ဦးမှာ ရန်ကုန်ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာ ကန့်သတ်ထားရှိသူများဖြစ်
24htopnews | September 16, 2024 3:12 PM CST

ဧပြီ ၂၄ ရက် နံနက် ၉ နာရီထုတ်ပြန်ချက်တွင် ထုတ်ပြန်ခဲ့သည့် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) မှ စစ်ဆေးတွေ့ရှိသော COVID-19 လူနာသစ် ခုနစ်ဦးမှာ ရန်ကုန်ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာ ကန့်သတ်ထားရှိ သူများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့် ဆေးသုတေသန ဦးစီးဌာန (ရန်ကုန်) တို့သည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် စုစုပေါင်း (၃၂၉) ဦးတို့၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ စုစုပေါင်း (၁၂) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၃၁၇) ဦး တွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ (၂၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၁၃၉) ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ (၅) ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၉) ဦး ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ လူနာများအား သက်ဆိုင်ရာ ဆေးရုံများတွင် ဆေးကုသမှုပေးလျက် ရှိကြောင်း သိရသည်။

 

 

 


READ NEXT
Cancel OK