Top News

Covid-19 လူနာ Case 121 နှင့် ထိတွေ့ခဲ့သည့် တောင်ငူဆေးရုံမှ ဆရာဝန်အပါအဝင် မိသားစု ခုနစ်ဦး သီတဂူ အာယုဒါနဆေးရုံ(တောင်ငူ) တွင် Quarantine ဝင်နေ
24htopnews | September 16, 2024 3:12 PM CST

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်အမျိုးသမီးတစ်ဦးမှာ Covid-19 အတည်ပြုလူနာအမှတ် ၁၂၁ နှင့် ထိတွေ့မှု ရှိခဲ့သောကြောင့် ၎င်းအပါ အဝင် မိသားစုဝင် ခုနစ်ဦးသည် တောင်ငူမြို့နယ် ကေတုမတီမြို့သစ်ရှိ သီတဂူဆေးရုံကြီးတွင် Quarantine ဝင်နေကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက“သူတို့က မိသားစုတွေပါ သူ့သားလေးနဲ့သမီးလေးနဲ့ အမေနဲ့ အဒေါ်နဲ့သူ့အမျိုးသားနဲ့ အဲလိုတွေပေါ့၊ Q ဝင်တယ်ဆိုတာက သူတို့ကိုကသီးခြားကြီး Home ထားလို့မရဘူးလေ။ သူက Contact Person တွေဖြစ်တယ်၊ အဲဒါဖြစ်တဲ့အတွက် သူ့ရဲ့မိသားစုကိုလည်း သူနဲ့ထပ်ပြီးတော့မှ Contact ဖြစ်တာကိုး၊ Contact ဖြစ်တော့ Home အနေနဲ့ ထားလို့ရှိရင် ကိုယ်တို့က မလိုလားအပ်တာတွေဖြစ်နိုင်တယ်။ ပြင်ပသွားတာတွေပေါ့။  ဒါအတွက်ကို ကိုယ်တို့က Facility Quarantine ပေါ့ သူတို့ကို အပြင်မထွက်ရပဲနဲ့ လိုအပ်တာတွေကို အစောင့်အရှောက်နဲ့ လုပ်ပေးတဲ့ဟာပေါ့ အဲ့လိုတွေထားလိုက်ရတာ သီတဂူ အာယုဒါနဆေးရုံမှာထားတယ်” ဟု ပြောကြားသည်။

ယခု Quarantine ဝင်ရသည့် တောင်ငူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်သည် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဘွဲ့လွန် သင်တန်းတက်ရောက်နေ သူဖြစ်ကြောင်းသိရသည်။

ထိုသို့တက်ရောက်နေစဉ်အတွင်း Quarantine Center များတွင် Volunteer အနေဖြင့် Yangon Airport Hotel တွင် တာဝန်ထမ်းဆောင်လျှက်ရှိရာ Covid-19 အတည်ပြုလူနာ Case 121 အပါအဝင် အခြား ၇၁ ဦးအား ပြီးခဲ့သည့် မတ် ၂၆ ရက်နှင့် ၂၇ ရက်များ၌ အပူချိန်တိုင်းခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများလုပ်ကိုင်ခဲ့ကြောင်း သိရသည်။

၎င်းနောက် အဆိုပါကျန်းမာရေးဝန်ထမ်းသည် ဧပြီ ၅  ရက်၌ တောင်ငူသို့ ပြန်လည်ရောက်ရှိလာပြီး ကိုယ်တိုင် Self Quarantine ပြုလုပ်နေထိုင်ခဲ့ကြောင်း၊ ဧပြီ ၂၂ ရက်တွင် Case 121 မှာ Covid-19   ပိုး တွေ့ရှိပြီးနောက် ၎င်းကိုယ်တိုင် Case 121 နှင့် ထိတွေ့ခဲ့ကြောင်း ပြောကြားလာခဲ့ပြီး Home Quarantine အဖြစ် ခေတ္တနေထိုင်

စေခဲ့ကြောင်း၊ ဧပြီ ၂၃ ရက်၌  မြို့နယ်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးဆုံးဖြတ် ချက်အရ ကေတုမတီ သီတဂူအာယုဒါနဆေးရုံ တွင် ၎င်းအပါအဝင် မိသားစု ခုနစ်ဦးအား Facility Quarantine အဖြစ်ထားရှိပြီး တိုင်းကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်အရ Swab ရယူကာ ရန်ကုန် NHL သို့ ပေးပို့ ဆောင်ရွက်မည်ဖြစ်ကြောင်း လက်ရှိတွင် ၎င်းအပါအဝင် မိသားစုဝင်အားလုံး ကျန်းမာရေးကောင်းမွန်လျှက်ရှိနေကြောင်း သိရသည်။

 

 

 

 


READ NEXT
Cancel OK