Top News

အဂတိလိုက်စားမှု ဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ ၃ ဦးကို ၅၈ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားခံပြ သက်သေ နှစ်ဦးကို စစ်ဆေးခဲ့ကာ ယခင်ရုံးချိန်းများ၌ တရားခံများ၏ ထွက်ဆိုချက်အချို့နှင့် ကွဲလွဲချက်မျာ
24htopnews | September 16, 2024 3:12 PM CST

အဂတိလိုက်စားမှှု ဥပဒေဖြင့်တရားရင်ဆိုင်နေရသည့်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦး ကို ဧပြီ ၂၃ ရက် တနသာင်္ရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ ၅၈ ကြိမ်မြောက်အဖြစ်ရုံးထုတ်ခဲ့ပြီး တရားခံပြသက်သေ ၂ ဦးကို စစ်ဆေးခဲ့ကာ ယခင်ရုံးချိန်းများ၌ တရားခံများ၏ထွက်ဆိုချက် အချို ့နှင့်ကွဲလွဲချက်များ ရှိနေကြောင်းသိရသည်။

 

ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့ကို ထားဝယ်အကျဉ်းထောင်မှတစ်ဆင့် ရဲတပ်ဖွဲ ့မှ ကား ၂ စီးဖြင့် တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို ့နံနက် ၁၀ နာရီကျော်အချိန်ခန် ့တွင် ရုံးထုတ်လာခဲ့ပြီး တရားခွင်စတင်ချိန်၌ စွဲချက်တင် အမိန် ့ချထားသည့် ရာဇဝတ်ကြီးအမှု အမှတ်(၁/၂၀၁၉)၊(၂/၂၀၁၉)(၃/၂၀၁၉)နှင့်(၄/၂၀၁၉)အမှုတို ့က တရားခံပြသက်သေများကိုစစ်ဆေးခဲ့ကြောင်း သိရသည်။

"ဒီနေ ့ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၃ ရက်နေ ့ရုံးချိန်းမှာတနသာင်္ရီတိုင်းဒေသကြီး တရားလွှတ်တော် ရာဇဝတ်ကြီး အမှုအမှတ်(၁/၂၀၁၉)၊(၂/၂၀၁၉)အမှုတို ့ကတရားခံပြသက်သေဦးမြတ်စိုး(ဦးစီးအရာရှိ-တိုင်းဒေသကြီး အစိုးရအဖွဲ ့ရုံး)၊ရာဇဝတ်ကြီးအမှု အမှတ်(၁/၂၀၁၉)၊(၂/၂၀၁၉)၊(၃/၂၀၁၉)နဲ ့(၄/၂၀၁၉)အမှုတို ့က တရားခံပြသက်သေ ဦးဇော်လင်းအောင် (ဦးစီးအရာရှိ-တိုင်းဒေသကြီးအစိုးရအဖွဲ ့ရုံး)တို ့ကိုစစ်ဆေးခဲ့ပါတယ်။ နောက်ရုံးချိန်းကို ၂၀၂ဝပြည့်နှစ် ဧပြီလ ၂၃ ရက်နေ ့ကိုချိန်းဆိုထားပြီးတော့ အဲဒီနေ ့မှာရာဇဝတ်ကြီးအမှှု အမှတ်(၃/၂၀၁၉)အမှှုကဦးထွန်းဝဏ္ဏ၊ဦးအောင်ဇင်ဦးနဲ ့ရာဇဝတ်ကြီးအမှုအမှတ်(၄/၂၀၁၉)အမှုက တရားခံပြသက်သေဦးစောကနဲထူးတို ့ကိုစစ်ဆေးဖို ့ချိန်းဆိုထားတာဖြစ်ပါတယ်။"ဟု တိုင်းဒေသကြီးတရားလွှတ်တော်မှ သတင်းနှင့်ပြန်ကြားရေးအဖွဲ ့ဝင် ဦးဇော်မင်းနိုင်က ထားဝယ်အခြေစိုက်မီဒီယာများကို ဖြေကြားသည်။



ရာဇဝတ်ကြီးအမှုအမှတ်(၁/၂၀၁၉)နှင့်(၂/၂၀၁၉)အမှုက တရားခံပြသက်သေဦးမြတ်စိုး(ဦးစီးအရာရှိ-တိုင်းဒေသကြီးအစိုးရအဖွဲ ့ရုံး)ကိုစတင်စစ်ဆေးရာတွင် တနသာင်္ရီတိုင်းဒေသကြီးအစိုးရအဖွဲ ့နှင့် F-22 Sunny ဆောက်လုပ်ရေးကုမ္ပဏီတို ့နှစ်ဦးနှစ်ဖက်ချုပ်ဆိုသော ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်စွဲပါ ထားဝယ်လေယာဉ်ကွင်းအတွင်းအပြင်သစ်ပင်ခြုံနွယ်များရှင်းလင်းခြင်းလုပ်ငန်းဆိုင်ရာသဘောတူစာချုပ်မူကြမ်းကို ၎င်းကရေးသားပေးခဲ့ပြီးနောက်တိုင်းဒေသကြီးစီမံ/ဘဏ္ဍာဝန်ကြီး(ဦးဖြိုးဝင်းထွန်း)ထံတင်ပြပေးခဲ့ရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ ့အတွင်းရေးမှူးဦးဝင်းရှိန်က ၎င်းအားခေါ်ယူပြီး ထားဝယ်လေယာဉ်ကွင်းအတွင်းအပြင်ခြုံနွယ်များရှင်းလင်းခြင်းစာချုပ်ချုပ်ဆိုပေးရန်အတွက်ပြောဆိုသဖြင့်စာချုပ်အားမူကြမ်းရိုက်ပြီးနောက်တိုင်းဒေသကြီးစီမံ/ဘဏ္ဍာဝန်ကြီးဦးဖြိုးဝင်းထွန်းထံတင်ပြပေးခဲ့ရကြောင်း၊ဦးဖြိုးဝင်းထွန်းကအဆိုပါစာချုပ်မူကြမ်းပေါ်တွင် စာချုပ်မူကြမ်းအတည်ပြုပါသည်ဟု ရေးသားပေးခဲ့သဖြင့် စာချုပ်ကိုအချောရိုက်နှိပ်ခဲ့ကြောင်းနှင့်စာချုပ်ရိုက်ပြီးနောက်တိုင်းဒေသကြီးအစိုးရအဖွဲ ့အတွင်းရေးမှူးဦးဝင်းရှိန်ထံတင်ပြခဲ့ပြီး ဦးဝင်းရှိန်နှင့်F-22 Sunny ကုမ္ပဏီမှဦးဆန်နီတို ့ကစာချုပ်ချုပ်ဆိုခဲ့ကာ အဆိုပါစာချုပ်ကို၎င်းသိမ်းဆည်းထားကြောင်းထွက်ဆိုခဲ့သည်။ထို ့အပြင် ၎င်းအားဦးဝင်းရှိန်က စာချုပ်မူကြမ်းရေးပေးရန်ပြောဆိုသည့်အချိန်ကပင်လုပ်ငန်း ၃ ခုမပါဘဲ လေယာဉ်ကွင်း အတွင်းအပြင် သစ်ပင်ခြုံနွယ်များရှင်းလင်းခြင်းလုပ်ငန်းတစ်ခုတည်းသာပါဝင်ခဲ့ပြီး ၎င်းအနေဖြင့်ဦးဝင်းရှိန်ညွှန်ကြားသည့်အတိုင်းလုပ်ငန်း တစ်ခုတည်းအတွက်သာ စာချုပ်ချုပ်ဆိုရန်မူကြမ်းရေးသားပေးခဲ့ရခြင်းဖြစ်ကြောင်း၊၎င်းအားဦးဝင်းရှိန်က စာ တစ်စုံတရာ ပေးခြင်းမဟုတ်ဘဲ လေယာဉ်ကွင်းအတွင်း အပြင်ခြုံနွယ်များရှင်းလင်းခြင်းလုပ်ငန်း မူကြမ်းရေးသားပေးရန်သာပြောခဲ့ခြင်းဖြစ်ကြောင်း၊ယင်းကိစ္စနှင့်ပတ်သက်၍တိုင်းဒေသကြီးအစိုးရအဖွဲ ့အစည်းအဝေးတွင်လုပ်ငန်း ၃ ခုလုပ်ကိုင်ရန်ဖြစ်ပြီး တစ်ခုတည်းမဟုတ်ကြောင်းကို ဦးဝင်းရှိန်နှင့်F-22 Sunny ကုမ္ပဏီတို ့စာချုပ်ချုပ်ဆိုပြီးမှသာသိရှိရခြင်းဖြစ်ပြီး တိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနထံတိုင်းဒေသကြီးအစိုးရအစည်းအဝေးမှတ်တမ်းပေးပို ့လာသည့်အခါမှဖတ်ရှုသိရှိရခြင်းဖြစ်ကြောင်း ဦးမြတ်စိုးကထွက်ဆိုခဲ့သည်။



ပြီးခဲ့သည့် ၂၅ကြိမ်မြောက်ရုံးချိန်းက တရားလိုပြသက်​​သေတိုင်​း​ဒေသကြီးအစိုးရအဖွဲ ့လျှပ်​စစ်​နှင်​့စွမ်​းအင်​ဝန်​ကြီးဟောင်းဦးကြည်​လှိုင်​ကိုစစ်​​ဆေးရာတွင် ထားဝယ်လေယာဉ်ကွင်း ချုံနွယ်ရှင်းလင်းခြင်း၊အုတ်ခြံစည်းရိုးခတ်ခြင်းနှင့် လေဆိပ်ပြုပြင်ခြင်းလုပ်ငန်း ၃ ခုကိုကျပ်သိန်း ၄ဝဝဝ ဖြင့်ဆောင်ရွက်ရန် ၆ရက် ၁လ ၂၀၁ရခုနှစ်တွင်ပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၁၇)၌ဆုံးဖြတ်ချက်အပိုဒ် ၄၁အရဆုံးဖြတ်ခဲ့သည်မှာမှန်ကြောင်း၊၎င်းဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသည့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီအနေဖြင့် ထားဝယ်လေယာဉ်ကွင်းရှိ F-22 Sunny ကုမ္ပဏီမှလုပ်ငန်းဆောင်ရွက်ခြင်းများအပေါ် BP၊BQ၊Estimate ကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းမရှိကြောင်းနှင့် F-22 sunny ကုမ္ပဏီက ထားဝယ်လေယာဉ်ကွင်းချုံရှင်းသည့်လုပ်ငန်းကို စတင်လုပ်ကိုင်ရန်မည်သည့်အချိန်ကပေးခဲ့ခြင်း၊တည်/ကော်ဥက္ကဋ္ဌ အနေဖြင့်လုပ်ငန်းစစ်ဆေးရာတွင် လည်းလေယာဉ်ကွင်းချုံရှင်းသည့်လုပ်ငန်းကို တင်ဒါမခေါ်ဘဲ F-22 sunny ကုမ္ပဏီထံလုပ်ခွင့်ပေးခြင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ ့၏အစည်းအဝေးဆုံးဖြတ်ချက်တွင် လေယာဉ်ကွင်းလုပ်ငန်း ၃ ခုအားလုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့ပြီး F-22 sunnyကုမ္ပဏီကချုံရှင်းသည့်လုပ်ငန်းတစ်ခုကိုသာ မည်သည့်အကြောင်းကြောင့်လုပ်ကိုင်ခဲ့သည်ဆိုသည်ကို မသိပါဟုဦးကြည်လှိုင်ကထွက်ဆိုထားခဲ့သည်။

ရာဇဝတ်ကြီးအမှုအမှတ်(၁/၂၀၁၉)၊(၂/၂၀၁၉)၊(၃/၂၀၁၉)နှင့်(၄/၂၀၁၉)အမှုတို ့ကတရားခံပြသက်သေ ဦးဇော်လင်းအောင် (ဦးစီးအရာရှိ-တိုင်းဒေသကြီးအစိုးရအဖွဲ ့ရုံး)ကိုစစ်ဆေးရာတွင် ၎င်းအား တနသာင်္ရီတိုင်​း​ဒေသကြီးဝန်​ကြီးချုပ်​​ဒေါက်​တာလဲ့လဲ့​မော်​၏ကိုယ်​​ရေးအရာရှိအဖြစ်​ခန်​ ့အပ်​​ကြောင်​းတရားဝင်​စာမှာ ၂၀၁၉ ခုနှစ်​ ​ဖေ​ဖော်​ဝါရီလ ၁ ရက်​​နေ ့မှသာထွက်​ရှိလာခဲ့ခြင်​းဖြစ်​ပြီး ၎င်းမတိုင်​ခင်​ကာလတွင်​ ​ဒေါ်ပွင်​့ဖြူဖြူ​အောင်​က ​ဝန်​ကြီးချုပ်​၏ ကိုယ်​​ရေးအရာရှိအဖြစ်​လုပ်​ကိုင်​​နေခြင်​းဖြစ်​​ကြောင်​းထွက်​ဆိုခဲ့သည်။ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ ့ ၅၃ ကြိမ်မြောက်ရုံးချိန်း၌ တရားခံဒေါက်တာလဲ့လဲ့မော်ကို ၎င်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်က ဒေါ်ပွင့်ဖြူဖြူအောင်သည် ကိုယ်ရေးအရာရှိဖြစ်ခဲ့သည်မှာမှန်ပါသလားဟု တရားသူကြီး၏မေးမြန်းခဲ့ရာတွင်-အမှန်တကယ်ကိုယ်ရေးအရာရှိမှာ အစိုးရအဖွဲ ့ဝန်ကြီးချုပ်၏ရုံးအဖွဲ ့မှဦးစီးအရာရှိသာဖြစ်ပြီး ခရီးသွားသည့်အခါများတွင်အမျိူးသားချည်းဖြစ်သောကြောင့်အဖော်အဖြစ်ခေါ်ဆောင်လေ့ရှိကြောင်း၊နောက်ပိုင်းကင်ဆာရောဂါဝေဒနာခံစားရသည့်အခါတွင်အဖော်အဖြစ်ပို၍လိုအပ်လာသဖြင့်ရုံးတက်သည့်အခါတွင်လည်းခေါ်ထားပါကြောင်းနှင့် ဒေါ်ပွင့်ဖြူဖြူအောင်မှာ ၎င်း၏ခင်ပွန်းဖြစ်သူဦးထွန်းမင်း၏ တူမဖြစ်သည်မှာမှန်ကြောင်းဒေါ်ပွင့်ဖြူဖြူအောင်၏ခင်ပွန်းဖြစ်သူဦးနေမျိုးအောင်ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ထားဝယ်အခြေစိုက်မီဒီယာများရရှိထားသည့်စာရွက်စာတမ်းအထောက်အထားများအရ

ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်၏တူမတော်စပ်သူ ဒေါ်ပွင့်ဖြူဖြူအောင်ကို ဝန်ကြီးချုပ်၏ကိုယ်ရေးအရာရှိအဖြစ်တာဝန်ပေးခန် ့အပ်ကြောင်း ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ ့ရက်စွဲပါ တနသာင်္ရီတိုင်းဒေသကြီး အစိုးရအဖွဲ ့၏ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၏ကိုယ်ရေးအရာရှိများအဖြစ်ခန် ့အပ်တာဝန်ပေးကြောင်းစာ၌ဖော်ပြထားသည်ကိုတွေ ့ရှိရသည်။



ဒေါက်တာလဲ့လဲ့မော်၏ကိုယ်ရေးအရာရှိအဖြစ်ဆောင်ရွက်ခဲ့သူဒေါ်ပွင့်ဖြူဖြူအောင်မှာ ဒေါက်တာလဲ့လဲ့မော်၏ခဲအိုတော်စပ်သူ သရက်ချောင်းမြို ့နယ်ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး၏သမီးအရင်းဖြစ်ဖြစ်သည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ ့ကတနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အနေဖြင့်

တူမဖြစ်သူအား ကိုယ်ရေးအရာရှိ ခန် ့ထားခြင်း၊မိသားစုဆွေမျိုးများ ရှယ်ယာပါဝင်သည့်ကုမ္ပဏီကို တင်ဒါပေးခြင်းနှင့်ယင်းကုမ္ပဏီမှအစိုးရအားဆပ်ရန်ရှိသည့်အကြွေးကိစ္စတွင်ကိုင်တွယ်မှုလျော့ရဲခြင်းစသောကိစ္စများနှင့်ပတ်သက်၍ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအားစုံစမ်းစစ်ဆေး အရေးယူပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်(ဗဟို)သို ့ထားဝယ်ဒေသခံ ၄၅ ဦးကလက်မှတ်ရေးထိုးတိုင်ကြားခဲ့ပြီးနောက် ဒေါ်ပွင့်ဖြူဖြူအောင်က ဝန်ကြီးချုပ်၏ကိုယ်ရေးအရာရှိအဖြစ်မှနှုတ်ထွက်ခဲ့ပြီး ၂၀၁၉ခုနှစ် ဇန်နဝါရီ်လ ၃၁ရက်နေ ့စွဲပါစာနှင့်၎င်းအားနှုတ်ထွက်စာတင်သည့်နေ ့တွင်ပင်နှုတ်ထွက်ခွင့်ပြုကြောင်းတိုင်းဒေသကြီးအစိုးရအဖွဲ ့ရုံးမှရုံးအမိန် ့စာများကို ရုံးတော်သို ့သက်သေခံအဖြစ်တရားလိုဘက်မှဥပဒေအရာရှိများက ပြီးခဲ့သည့်ရုံးချိန်းများ၌တင်သွင်းမှုရှိခဲ့သည်။

အဂတိလို်က်စားမှုတိုက်ဖျက်ရေးကော်မရှင်က စွဲဆိုထားသည့်အမှုတွဲ ၄ ခုအတွက် တရားရုံးကစွဲချက်အမိန် ့ချမှတ်ထားပြီးနောက် တရားခံများဖြစ်သည့် ဒေါက်တာလဲ့လဲ့မော်၊ဦးသိန်းထွေး၊ဦးအောင်မြတ်နှင့်ဦးသူရအုံတို ့ကိုရုံးတော်မှစစ်ဆေးပြီးစီးခဲ့ပြီဖြစ်သည့်အပြင် တရားခံများဘက်ကတင်ပြထားသည့် တရားခံပြသက်သက် ၂၄ ဦးအနက် ၅၈ ကြိမ်မြောက်ရုံးချိန်းအထိ ၆ ဦးစစ်ဆေးပြီးဖြစ်ကာ ၁၈ ဦးစစ်ဆေးရန်ကျန်ရှိသေးကြောင်း၊တရားခံပြသက်သေများအားလုံးကိုစစ်ဆေးပြီးပါက ရုံးတော်မှ နှစ်ဖက်အပြီးသတ်လျောက်လဲချက်ကိုကြားနာသွားမည်ဖြစ်ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်၊Global Grand Services (GGS)ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့်အထွေထွေမန်နေဂျာဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြီးခဲ့သည့် ၂၀၁၉ခုနှစ် မတ်လ ၁ဝရက်နေ ့ကထားဝယ်မြို ့မရဲစခန်းတွင်အမှုတွဲ ၄ခုဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ထားဝယ်အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မတ်လ ၂၅ ရက်နေ ့တွင်၎င်းတို ့ ၄ ဦးစလုံးကိုတိုင်းဒေသကြီးတရားလွှတ်တော်၌ ပထမအကြိမ်အဖြစ် တပြိုင်နက်ရုံးထုတ်ခဲ့ကာစတင်တရားစွဲဆိုခဲ့ရာ လက်ရှိအချိန် တစ်နှစ်နှင့်တစ်လ အကြာတွင် နောက်ဆုံးအဆင့်အနေဖြင့် တရားခံပြသက်သေများကို စစ်ဆေးနေခြင်းဖြစ်သည်။

 

 

 

 


READ NEXT
Cancel OK