Top News

ဒဂုံအရှေ့မြို့နယ်တွင် အငှားယာဉ်မောင်းအား ဓားဖြင့်ထိုးကာ ယာဉ်လုယက်မှု ဖြစ်ပွားပြီး ယာဉ်မောင်းသေဆုံး
24htopnews | September 16, 2024 3:12 PM CST

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တွင် အငှားယာဉ်မောင်းအား ဓားဖြင့်ထိုးကာ ယာဉ်အားလုယက်မှုဖြစ်ပွားပြီး ယာဉ်မောင်းသေဆုံးခဲ့မှု ဧပြီ ၂၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“လုခံရတဲ့ Taxi ယာဉ်မောင်းက သေဆုံးသွားပါတယ်။ ကျွန်တော်တို့ သတင်းရတာ ၇ နာရီခွဲ လောက်မှာပါ။ ဒဂုံအရှေ့ ရာဇဓိရာဇ်လမ်းက EPC ရုံးရှေ့မှာဖြစ်တာပါ။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ Taxi သမားက ခေါင်းလည်း ရိုက်ခံထားရတယ်။ ဗိုက်တွေမှာလည်း ဓားနဲ့ထိုးခံထားရတယ်။ ကျောကုန်းမှာလည်း အထိုးခံထားရတယ်” ဟု ဒဂုံအရှေ့ ပရဟိတကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လုယက်ခံရသည့် အငှားယာဉ်မောင်းအား မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံရောက်ရှိသည့် အချိန်တွင် သေဆုံးသွားခဲ့ကြောင်း၊ လုခံရသည့် ယာဉ်အား ယနေ့ညပိုင်းတွင် ယင်းမြို့နယ်အတွင်း ပြန်လည်တွေ့ရှိခဲ့သော်လည်း ယာဉ်ကိုသာ ပြန်လည် တွေ့ရှိခဲ့ကြောင်း ဒဂုံအရှေ့ ပရဟိတကွန်ရက်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ ဆက်လက်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

 


READ NEXT
Cancel OK