Top News

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းထားသည့် ဆန်အိတ်(၄၄၀၀)အိတ်ကို လွှဲပြောင်းပေးအပ်
24htopnews | October 4, 2024 8:12 AM CST

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်နှစ်ဦးမှလှူဒါန်းထားသည့် ဆန်အိတ်(၄၄၀၀)အိတ်ကို အောက်တိုဘာ ၃ ရက်မွန်းလွဲ ၂ နာရီက လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမြင့်နိုင်ဦးက အလှူရှင်နှစ်ဦးကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းထံသို့ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီဟာနုဗေးလ်မြို့ရှိ DV Group ပိုင်ရှင်နှင့်ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ဦးဝမ်ကျားဟွာ(ခ)ဦးမြင့်ဆွေက ငွေကျပ်သိန်း(၂၀၀၀)ခန့်တန်ဖိုးရှိ ဆန်အိတ်ပေါင်း(၄၀၀၀)အိတ်နှင့် ကမ္ဘောဒီးယားနိုင်ငံ Senachey Cooperation Co., Ltd. မှ MS. CHEIN CHWIN က ငွေကျပ်သိန်း(၂၀၀)ခန့်ရှိ ဆန်အိတ်ပေါင်း(၄၀၀)အိတ်တို့အား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှတစ်ဆင့်ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK