Top News

ထိုင်းဘုရင် မဟာဝဇီယာလောင်ကွန်းက အစိုးရအဖွဲ့သစ်ကို အတည်ပြု
24htopnews | September 16, 2024 12:12 AM CST

ထိုင်းဘုရင်သည် အစိုးရအဖွဲ့သစ်ကို စက်တင်ဘာ ၂ ရက်က အတည်ပြုခဲ့သဖြင့် အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်တော့မည့် အစိုးရအဖွဲ့ဖြစ်ရန် နောက်ထပ်တစ်ဆင့် နီးစပ်လာခဲ့သည်။

စစ်တပ်က ကျောထောက်နောက်ခံပြုခဲ့သည့် ယခင်အစိုးရအဖွဲ့အတွင်းမှ အရာရှိ များအပါအဝင် ဝန်ကြီးချုပ် ဆရီထာ ထာဝီ ဆင်း ဦးဆောင်သည့် အစိုးရအဖွဲ့သစ်နှင့် ဝန်ကြီး ၃၄ ဦး ခန့် အပ်မှုကို ဘုရင် မဟာဝဇီ ယာလောင်ကွန်းက အတည်ပြုခဲ့သည်ဟု တော်ဝင်အမိန့်ပြန်တမ်းတွင် ဖော်ပြခဲ့သည်။

မေလတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအပြီး လူကြိုက်များသည့် ပြုပြင်ပြောင်းလဲ ၀ါဒီကိုယ်စားလှယ်လောင်းကို ကွန်ဆာဗေးတစ်လွှတ်တော်အင်အားစုက ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ရန် ငြင်းပယ်ခဲ့ပြီးနောက် နိုင်ငံရေး အငြင်းပွားမှုများ လနှင့်ချီ ဖြစ်ပွားခဲ့ကာ ရွေးကောက်ပွဲတွင် ဒုတိယနေရာအများဆုံး ရရှိခဲ့သည့် ဖြူထိုင်းပါတီအတွက် အငြင်းပွား ဖွယ် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် လမ်းပွင့် သွားခဲ့သည်။

“ဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်းဟာ နိုင်ငံကို အုပ်ချုပ်ဖို့ အရည်အချင်းရှိတဲ့ အစိုး ရအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒါ ကြောင့် ဘုရင်ဟာ အစိုးရအဖွဲ့သစ်ကို အတည်ပြုခဲ့ပါတယ်”ဟု တော်ဝင်အမိန့်ပြန်တမ်း တွင် ဖော်ပြခဲ့သည်။

အစိုးရအဖွဲ့သစ်တွင် ဆရီသာသည် ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်း ဆောင်မည်ဖြစ်ပြီး စစ်တပ်က ဦးဆောင်သည့် ယခင်အစိုးရအဖွဲ့တွင် ကျန်းမာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အနူတင် ချန်ဗီရာကူလ်သည် ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

၂၀၁၄ အာဏာသိမ်းမှုတွင် ပါဝင်ခဲ့ သည့် စစ်တပ်အကြီးအကဲဟောင်း ပရာဝစ် ဝေါင်ဆူဝန်၏ညီဖြစ်သည့် ရဲချုပ် ပက်ချာရာ ဝတ် ဝေါင်ဆူဝန်သည် သဘာဝအရင်းအမြစ် နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးအ ဖြစ် ခန့်အပ်ခံခဲ့ရသည်။

တော်ဝင်အမိန့်ပြန်တမ်းထုတ်ပြန်မှု သည် နိုင်ငံအတွက် အစိုးရအဖွဲ့သစ်ကို ရရှိ ရန် ခြေလှမ်းတစ်လှမ်း နီးစပ်လာသည်ကို ညွှန်ပြခြင်းဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံး သပ်သူ ယွတ်တာပွန် အစ္စာရာချိုင်က ပြော ကြားခဲ့သည်။

“အစိုးရအဖွဲ့သစ်ဟာ ဘုရင်ရဲ့ ရှေ့ မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုဖို့လိုအပ်ပြီး လွှတ်တော်မှာ သူတို့ရဲ့ မူဝါဒတွေကို ကြေညာ ဖို့ လိုအပ်ပါတယ်။ အဲဒီနောက်မှာတော့ အ ပြည့်အဝ တာဝန်ထမ်းဆောင်နိုင်တဲ့ အစိုးရ လို့ ယူဆလို့ရပါပြီ”ဟု ယွတ်တာပွန်က အေ အက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

သို့သော် အစိုးရအဖွဲ့သစ်သည် ယခင် အစိုးရနှင့် တူညီမှုများရှိနေသည်ဟု ဝေဖန် သူအချို့က ထောက်ပြခဲ့ကြသည်။

“အစိုးရအဖွဲ့သစ်ဟာ ဖြူထိုင်းပါတီပါ ဝင်နေတဲ့ အစိုးရအဖွဲ့ဟောင်းဖြစ်တယ်လို့ အချို့လူတွေက ပြောကြပါတယ်။ ပြိုင်ဘက် ပါတီတွေနဲ့ အစိုးရဖွဲ့ခဲ့တာကြောင့် အဲဒီလို အပြောခံခဲ့ရတာပါ”ဟု ယွတ်တာပွန်က ပြော ကြားခဲ့သည်။

စက်တင်ဘာ ၁ ရက်ကလည်း ထိုင်းဘု ရင် မဟာဝဇီယာ လောင်ကွန်းသည် အကျဉ်း ချခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက် ဆင် ရှင်နာဝပ်၏ ထောင်ဒဏ်ကို ရှစ်နှစ်မှ တစ်နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။သက်ဆင် သည် ပြည်ပတွင် ၁၅ နှစ်ကြာ ထွက်ပြေးတိမ်း ရှောင်ခဲ့ပြီးနောက် နိုင်ငံအတွင်းသို့ ပြန်လည် ရောက်ရှိချိန်တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရ ခြင်းဖြစ်သည်။

အသက် ၇၄ နှစ်အရွယ် ဘီလျံနာတစ် ဦးဖြစ်သည့် သက်ဆင်သည် အဂတိလိုက်စား မှုနှင့် အာဏာအလွဲသုံးစားမှု စီရင်ချက်များ အတွက် ထိုင်းဘုရင်ထံ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားခဲ့ပြီးနောက် တစ်ရက်အကြာ တွင် ထောင်ဒဏ်လျှော့ပေါ့ခံခဲ့ရခြင်းဖြစ် သည်။

Ref: AFP


READ NEXT
Cancel OK