SEAGP-SEAOP ကုမ္ပဏီ ၏ ၂၀၂၄ ခုနှစ် ချစ်ကြည်ရေး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကုမ္ပဏီ၏ မန္တလေးရုံးချုပ်၊ မန္တလေး အော်ပရေးရှင်းစင်တာ၊ မဒေးကျွန်းအော်ပရေးရှင်းစင်တာ၊ မူဆယ် အော်ပရေးရှင်းစင်တာ၊ နေပြည်တော်ရုံးနှင့် ရန်ကုန်ရုံးတို့မှ အသင်းကိုးသင်း တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
မဒေးကျွန်း အော်ပရေးရှင်းစင်တာ အသင်းက ပထမဆုကို ဆွတ်ခူးရရှိခဲ့ပြီး ရန်ကုန်ရုံးအသင်းက ဒုတိယဆုကို ရရှိခဲ့သည်။ မန္တလေးရုံးချုပ်မှဒုတိယအသင်းနှင့် မန္တလေးအော်ပရေးရှင်းစင်တာမှ Team B တို့က တတိယဆုရရှိခဲ့သည်။
ဆုပေးပွဲအခမ်းအနားတွင် ကုမ္ပဏီအကြီးအကဲများက ဆုရရှိသောအသင်းများအား ဆုဖလားများပေးအပ်ကာ ၎င်းတို့၏ ထူးထူးခြားခြားအောင်မြင်မှုများအပေါ် လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုခဲ့ကြသည်။
ယခုပြိုင်ပွဲသည် လုပ်ဖော်ကိုင်ဖက်များအကြား ခိုင်မာသော စည်းလုံးညီညွတ်မှု စိတ်ဓာတ်ကိုသာ ဖော်ပြနေသည်သာမက ကုမ္ပဏီ၏ မြန်မာ့ရိုးရာယဉ်ကျေးမှုကို လေးစားမှုနှင့် ဒေသခံဝန်ထမ်းတို့၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုများအပေါ် အလေးထားမှုတို့ကိုပါ ဖော်ပြနေကြောင်း ပြိုင်ပွဲဝင်များကပြောကြားခဲ့ကြသည်။
-
ရှမ်း/မြောက် နောင်ပိန်ကျေးရွာ စစ်ရှောင်စခန်း(၄)ခုတွင် အလှူရှင် မရှိ၍ ဆေးဝါးနဲ့ စားနပ်ရိက္ခာလိုအပ်သည့် အခြေအနေကြုံတွေ့နေရ
-
အာဆီယံ-ဒါကာ ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ဗီယက်နမ်သံအမတ်ကြီးမှ ဆက်လက်တာဝန်ယူသွားမည်
-
နိုင်ငံပိုင်ဘဏ်များအပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်နှင့် ချေးငွေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့
-
SEAGP-SEAOP ၏ ၂၀၂၄ ခုနှစ် ချစ်ကြည်ရေး ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပပြီးစီး
-
ACD ထိပ်သီးအစည်းအဝေးအတွင်း ဝန်ကြီးဦးသန်းဆွေမှ ကာဂျစ်နိုင်ငံ ဒု-ဝန်ကြီးချုပ်၊ နီပေါ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်သီးခြားစီတွေ့ဆုံခဲ့