Top News

မက္ကဆီကိုအနီး ကာရီဘီယံပင်လယ်တွင် ဖြစ်ပေါ်နေသောအပူပိုင်းမုန်တိုင်း အိုင်ဒါလီယာ ဖလော်ရီဒါပြည်နယ်ကို ဦးတည်နေ
24htopnews | September 15, 2024 11:12 PM CST

သြဂုတ် ၂၇ ရက်က ကာရီဘီယံပင် လယ်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းအိုင်ဒါလီယာသည် မက္ကဆီကို အရှေ့တောင်ပိုင်းတွင် လေပြင်းများတိုက်ခြင်း၊ မိုးရွာခြင်းတို့ကို ဖြစ်ပေါ်စေပြီး ယခုသီတင်းပတ်အတွင်း ဖလော်ရီဒါပြည်နယ်ကို မဝင်ရောက်မီ ဟာရီကိန်းမုန်တိုင်းအဖြစ် အားကောင်းလာမည်ဟု ခန့်မှန်းထားသည်။

မက္ကဆီကို နိုင်ငံကိုဝင်ရောက်မည်မဟုတ်ဟု ခန့်မှန့်ထားသောမုန်တိုင်းသည် ဖလော်ရီဒါ အနောက်မြောက်ပိုင်းကို ရောက်မလာမီ မက္ကဆီကိုပင်လယ်ကွေ့ကိုဖြတ်သန်းမည်ဟုအမေရိကန်အမျိုးသား ဟာရီကိန်းစင်တာက ပြောကြားသည်။

“အိုင်ဒါလီယာမုန်တိုင်းဟာ အစောဆုံးအနေနဲ့ သြဂုတ် ၂၈ ရက်နေ့ကစပြီး ဖ လော်ရီဒါအနောက်ဘက်ကမ်းရိုးတန်းနဲ့ ဖလော်ရီဒါပန်းဟန်ဒယ်တစ်လျှောက်က ဒေသတွေမှာ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ရေလှိုင်းတွေနဲ့  ဟာရီကိန်းအင်အားရှိတဲ့ လေတွေတိုက်ဖို့ရှိနေပါတယ်”ဟု အမေရိကန်အမျိုးသားဟာရီကိန်းစင်တာက သတိပေးထားသည်။

အနောက် မြောက်ပင်လယ်ကွေ့ကမ်းရိုးတန်းတွင် ကုန်းတွင်းကို မဝင်ရောက်မီ မုန်တိုင်းပြင်းထန်မှုသည် ပြန့်သွားမည်ဖြစ်ပြီး အနိမ့်ဆုံးအဆင့်မှ ဟာရီကိန်းအဆင့်ကို တက်လှမ်းသွားမည်ဟု ဆိုသည်။ သြဂုတ် ၂၇ ရက်ဂရင်းနစ် စံတော်ချိန်ည ၉ နာရီတွင် မုန်တိုင်းသည် ကာရီဘီယံပင်လယ်တွင်ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

 


READ NEXT
Cancel OK