Top News

ကမ္ဘာ့အမြန်ဆုံးပူလာသော ဥရောပတိုက်၏ ပြင်းထန်အပူလှိုင်းများ
24htopnews | September 15, 2024 11:12 PM CST

လွန်ခဲ့သောရက်ပိုင်းများတွင် ဥရောပတောင်ပိုင်း နိုင်ငံအချို့ ကြုံ တွေ့ရသော ရှဲရှဲမြည်နေသည့် အပူချိန်များသည် ရာသီဥတုပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန် ပူပြင်းခြောက်သွေ့သော နွေရာသီများ၏  အစိတ်အပိုင်းဖြစ်သည်။

စပိန်နိုင်ငံသည် ယခုနွေရာသီ၏ စတုတ္ထမြောက်အပူလှိုင်းအောက်တွင် ပူလောင်အိုက်စပ်နေသည်။ ဂရိသည် တစ်လအတွင်း ဒုတိယအ ကြိမ်လောင်နေသည့် တောမီးကြီးကြောင့် ရုန်းကန်နေရသည်။

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများက အထူးသဖြင့် ဥရောပတိုက်တွင် ပြင်းထန်၍ အချိန်ကြာ မြင့်သော အပူလှိုင်းကျရောက်မှုများကို တိုးလာစေသည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့က ပြောသည်။ ဥရောပတိုက်သည် ကမ္ဘာ့အမြန်ဆုံး ပူလာသောတိုက်ဖြစ်သည်ဟု ဆိုသည်။

အေအက်ဖ်ပီသတင်းဌာနက လူထောင်သောင်းချီ သေဆုံးခဲ့သည့် ဥရောပအပူလှိုင်းများကို ပြန်လည်ဖော်ပြထားသည်။

၂၀၂၂ခုနှစ်၊ အပူဆုံးနှစ်

၂၀၂၂ နွေသည် ဥရောပ၏ မှတ်တမ်းပြုသမိုင်းတွင် အပူဆုံးဖြစ်သည်။ ရာစုနှစ်များစွာအတွင်း အဆိုးရွားဆုံး မိုးခေါင်မှုကိုဖြစ်စေခဲ့သည်။ ပြင်သစ်နှင့် စပိန်တို့တွင် ဆိုးဆိုးရွားရွား ပျက်စီးစေသောတောမီးများကို ဖြစ်ပေါ်စေသည်။

ဇွန်လလယ်တွင် တစ်ကြိမ်နှင့် ဇူလိုင်လထဲတွင် တစ်ကြိမ်ကျခဲ့သော အပူလှိုင်းနှစ်ခုက နှစ်ပေါင်းများစွာအတွင်း အပူပြင်းဆုံးနွေကို ဖြစ်စေခဲ့သည်။ အပူကြောင့် လူ ၆၁,၀၀၀ ကျော်သေဆုံးခဲ့သည်ဟု ခန့်မှန်းကြောင်း သဘာဝဆေးဂျာနယ်၏ဖော်ပြချက်အရ သိရသည်။

ပြင်သစ်သည် လွန်ခဲ့သောနွေထက် ပျမ်းမျှအပူချိန်အများဆုံး မြင့်တက်ခဲ့ရာ အပူချိန်သည် ၂ ဒသ မ ၄၃ ဒီဂရီဆဲလ်စီယပ်(၃၆ ဒသမ ၃၇ ဖာရင်ဟိုက်) မြင့်တက်သွားသည်ဟု ဘဘာဝဆေးဂျယ်နယ်၏ အချက်အလက်များအရသိရသည်။

၂၀၂၁ခုနှစ်၊ ဂရိက ချစ်ချစ် တောက်အပူ

ဇူလိုင်လနှောင်းပိုင်းနှင့် သြဂုတ်လ အစောပိုင်းတို့တွင် ဂရိသည် နှစ် ၃၀ ကျော်အတွင်းတွင် နိုင်ငံ၏ အဆိုးရွားဆုံးအပူလှိုင်းကို ကြုံခဲ့ရသည်။

စပိန်တွင် တောင်ပိုင်းဒေသများ၌ အပူချိန်သည် ၄၇ ဒီဂရီဆဲလ် စီယပ်ရှိခဲ့သည်။

အကျိုးဆက်အားဖြင့် ဖြစ်ပေါ်လာသည့်မိုးခေါင်မှုက တူရကီမှ စပိန်နိုင်ငံအထိ မြေထဲပင်လယ်တစ်လျှောက် ကြီးမားသော တောမီးများကို လောင်စေသည်။

၂၀၁၉ခုနှစ်၊ ဥရောပမြောက်ပိုင်း ပူလောင်အိုက်စပ်

၂၀၁၉ ခုနှစ် နွေရာသီတွင် အပူလှိုင်းနှစ်ကြိမ်ကျသည်။ ဇူလိုင်လကုန်ပိုင်းတွင် တစ်ကြိမ်နှင့် ဇူလိုင်လလယ်ပိုင်းတွင် တစ်ကြိမ်ကျခဲ့ခြင်းဖြစ်သည်။

ပြင်သစ်တောင်ပိုင်း ဗာရာဂက်စ်မြို့တွင် အပူချိန်များသည် စံချိန်တင် ၄၆ ဒီဂရီဆဲလ်စီယပ်အထိ ရှိခဲ့သည်။

၂၀၁၈ခုနှစ်၊ မိုးခေါင်သဖြင့် ဒင်းညုမြစ် ခန်းခြောက်

၂၀၁၈ ခုနှစ် ဇူလိုင် ဒုတိယလဝက်နှင့် သြဂုတ်လဆန်းပိုင်းတွင် ဥရောပဒေသအများအပြား၌ အပူချိန်များသည် အလွန်မြင့်တက်ခဲ့သည်။

ဒင်းညုမြစ်သည် ဒေသအချို့တွင် နှစ် ၁၀၀ အတွင်း အနိမ့်ဆုံး ပမာဏကို ကျဆင်းသွားခဲ့သည်။ မြုပ်နေသော ဒုတိယကမ္ဘာစစ်တင့်ကားများသည် ဆားဘီးယားနိုင်ငံတွင် ပြန်ပေါ်လာသည်။

၂၀၁ရခုနှစ်၊ အိုက်စပ်စပ် လများ

ဥရောပဒေသအတော်များများ အထူးသဖြင့် ဥရောပတောင်ပိုင်းသည် ဇွန်လကုန်ပိုင်းမှ သြဂုတ်လထဲအထိ ဆက်တိုက်ဖြစ်ပေါ်သည့် အပူလှိုင်းများကြောင့် ချွေးဒီးဒီး ကျခဲ့ရသည်။

စပိန်နိုင်ငံသည် ဇူလိုင် ၁၃ ရက်တွင် တောင်ပိုင်း မွန်တိုရိုမြို့၌ စံချိန် တင်အပူချိန် ၄၇ ဒသမ ၃ ဒီဂရီ ဆဲလ်စီယပ်ကို ကြုံတွေ့ခဲ့ရသည်။

၂၀၁၅ ခုနှစ်၊ ရှေ့ဆင့်နောက်ဆင့် အပူလှိုင်းများ        

၂၀၁၅ ခုနှစ် နွေရာသီကာလ တစ်လျှောက်လုံးအပူလှိုင်းသည် တစ်ခုပြီးတစ်ခုဖြစ်ပေါ်ခဲ့သည်။

ဗြိတိန်တွင် ကားလမ်းများသည် အရည်ပျော်ကုန်ပြီး ဇူလိုင် စံချိန်တင် အပူဆုံးကာလတွင် မီးရထားများကို အချိန်ရွှေ့ဆိုင်းခဲ့ရသည်။

၂ဝဝ၇ ခုနှစ်၊ ဂရိတောမီးများ

ဥရောပအလယ်ပိုင်းနှင့် တောင်ပိုင်းတို့သည် ဇွန်နှင့် ဇူလိုင် တစ်လျှောက်လုံး ပူပြင်းခြောက်သွေ့ခဲ့သည်။

ဂရိနိုင်ငံ၌ နှစ်ငါးဆယ်အတွင်း အဆိုးရွားဆုံးတောမီးများသည် နိုင်ငံ၏ သစ်တော လေးရာခိုင်နှုန်းကို ၀ါးမျိုသွားပြီး မီးရှို့ခြင်း(သို့)ရာသီဥတုပြောင်းလဲမှုကြောင့် လောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။  


READ NEXT
Cancel OK