Top News

ဂါဇာ၌ သေဆုံးသူ ၂၁,၀၀၀ ကျော်ရှိလာချိန်တွင် အစ္စရေးက အရှိန်မြှင့်ထားသောစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်
24htopnews | September 15, 2024 10:12 PM CST

ဂါဇာကမ်းမြောင်၏ဟားမာ့စ် အုပ်ချုပ်နေသော ကျန်းမာရေးဝန်ကြီးဌာနက ၁၁ ပတ် ကြာစစ်ပွဲတွင် လူ ၂၁,၀၀၀ ကျော်သေဆုံးထားသည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်၏အကြီးဆုံး တောင်ပိုင်းမြို့ ခန်းယူနစ်နှင့်အလယ်ပိုင်း ဒုက္ခသည်စခန်းတစ်ခုတို့တွင် အရှိန်မြှင့်တင်ထားသည့် စစ်ဆင်ရေးအား ဆက်လက်လုပ်ဆောင်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဂါဇာပြည်သူများသည် စိုးရိမ်စရာကောင်းသော ဘေးအန္တရာယ်ကျရောက်နေပြီဟု ဒီဇင်ဘာ ၂၇ ရက် တွင် သတိပေးပြောကြားလိုက်ချိန်တွင် အစ္စရေး၏အဆက်မပြတ်လေကြောင်းတိုက်ခိုက် မှုများနှင့် ဂါဇာတောင်ပိုင်း၌ စစ်ဆင်ရေးတိုးချဲ့လုပ်ဆောင်ခြင်းတို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်က ကာလရှည် အပစ်အခတ်ရပ်စဲရေးကို ဒီဇင်ဘာ ၂၇ ရက်တွင် တောင်းဆိုခဲ့သည်။

ဂါဇာကမ်းမြောင်ရှိ အလယ်ပိုင်း ဒုက္ခသည်စခန်းကို တိုက်ခိုက်မှုများသည် တတိယ မြောက်နေ့ကိုရောက်လာပြီဟု အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့ပြီး နောက်ထပ် တပ်ရင်းတစ်ရင်းကို တောင်ပိုင်းမြို့ကြီး ခန်းယူနစ်၌ ဖြန့်ကြက်ထားသည်ဟု ဆိုသည်။ ခန်းယူနစ်သည် မကြာသေးမီက ပြင်းထန်သည့် မြို့ပြတိုက်ပွဲဖြစ်ပွားရာနေရာ ဖြစ်သည်။

လက်ဘနွန်နယ်စပ်တစ်လျှောက် မြောက်ပိုင်းတွင် စစ်ဆင်ရေး တိုးချဲ့ဖွယ်ရှိသည်ဟု ၎င်းက အရိပ်အမြွက်ပြောကြားခဲ့သည်။ လက်ဘနွန်နယ်စပ်တစ်လျှောက် အစ္စရေးမြောက်ပိုင်းသည် ဂါဇာစစ်ပွဲစတင် ဖြစ်ပွားကတည်းက အစ္စရေးတပ်ဖွဲ့များနှင့် ဟစ်ဇဘိုလာစစ်သွေးကြွများ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားရာ နေရာဖြစ်သည်။

ဒီဇင်ဘာ ၂၇ ရက် စောစောပိုင်းက နယ်စပ်ကို သွားရောက်ခဲ့သော စစ်တပ်အကြီးအကဲ ဟာဇီဟာလီဗီက အစ္စရေးစစ်တပ်သည် ပေါ်ပေါက်လာနိုင်သည့် အရေးပေါ်ကိစ္စများအတွက် အစီအမံများကို အတည်ပြု ထားပြီးဖြစ်သည်ဟု ပြောကြားခဲ့ပြီး လိုအပ်လာပါက တိုက်ခိုက်ရေးအတွက် ပြင်ဆင်ရန် လိုအပ်သည်ဟု ဆိုသည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို အကြီးအကျယ် စီးနင်းတိုက်ခိုက်ခြင်းက ပြင်းထန်သောစစ်ပွဲကိုဖြစ်ပွားစေခဲ့သည်။ ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် အရပ်သားအများစုဖြစ်သည့်လူ ၁,၁၄၀ သေဆုံးခဲ့ပြီး လူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟု အစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။ပြန်ပေးဆွဲခံရသူများထဲက ၁၂၉ ဦးသည် ဂါဇာတွင် ရှိနေဆဲဖြစ်သည်ဟု အစ္စရေးအစိုးရက ပြောကြားသည်။

သီတင်းပတ် ၁၁ ပတ်ကျော်ကြာမြင့်လာပြီဖြစ်သော အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ကို အစ္စရေးက မြေပြင်ထိုးစစ်ဆင်နေခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင် နေခြင်းတို့ကြောင့် အနည်းဆုံးလူ ၂၁,၁၁၀ သေဆုံးသွားသည်ဟု ဂါဇာကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ထားသည်။

နောက်ထပ် စစ်သားသုံးဦးကျဆုံးသွားသည်ဟု ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် အစ္စရေးစစ်တပ်က ကြေညာခဲ့သည်။ ထို့ကြောင့် အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဂါဇာ၌ ကျဆုံးသွားသော အစ္စရေးစစ်သားအရေအ တွက်သည် ၁၆၇ ဦးရှိလာသည်။

တိုက်ခိုက်မှုများ ရပ်တန့်ရေးအတွက် တောင်းဆိုမှုများသည် ဒီဇင်ဘာ ၂၇ ရက်တွင် ဆက်လက် တိုးလာခဲ့သည်။ ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်က အစ္စရေးဝန်ကြီးချုပ်နှင့် ဖုန်းစကားပြောရာတွင် ကာလရှည် အပစ်အခတ်ရပ်စဲရေးအတွက် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု မက်ခရွန်၏ရုံးက ထုတ်ပြန်ခဲ့သည်။

မက်ခရွန်ကဂါဇာ၌ အရပ်သားသေဆုံးမှု များပြားလွန်းနေခြင်းအတွက် အလွန်အမင်း စိုးရိမ်ကြောင်းပြောကြားခဲ့ပြီး၊ပြင်သစ်သည် လူသားချင်းစာနာမှု အကူအညီများပေးရေးအတွက် ဂျော်ဒန်နှင့်အတူ ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

                                                           Ref:AFP


READ NEXT
Cancel OK