Top News

စမ်းချောင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အုတ်တံတိုင်းဖြိုချရာမှ လုပ်သားတစ်ဦး အုတ်တံတိုင်းပိမိခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ရ
24htopnews | October 5, 2024 5:12 PM CST

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း (မြောက်)ရပ်ကွက်၊ အရှေ့ကုန်းလမ်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် အုတ်တံတိုင်းဖြိုချရာမှ လုပ်သားအမျိုးသားတစ်ဦး အုတ်တံတိုင်းပိမိကာ ထိခိုက်ဒဏ်ရာများ ရခဲ့သည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်လိုက်ကြောင်း အဆိုပါရပ်ကွက်နေသူများထံမှ သိရသည်။

ထိုဖြစ်စဉ်ကို ယနေ့ အောက်တိုဘာ (၅)ရက်၊ နံနက် (၁၀)နာရီ (၁၀)မိနစ်အချိန်ခန့်က အရှေ့ကုန်းလမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဆောက်လုပ်ရေး လုပ်သားတစ်ဦး အုတ်တံတိုင်းပိမိကာ ထိခိုက်ဒဏ်ရာများရထားသည့်အတွက် ကူညီပေးရန် အကူညီ တောင်းခံချက်အရ အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နေရာအရောက် အုတ်တံတိုင်းပိမိသည့် လူနာ အမျိုးသားအား လိုအပ်သည့် ကုသမှုများပေးပြီး အနာဂတ်အလင်းတန်းပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ အခမဲ့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ (၃)ရက်၊ နံနက် (၈)နာရီ အချိန်ခန့်ကလည်း စမ်းချောင်းမြို့နယ်၊ ရန်ပြိုလမ်း၊ မာန်အောင်ဓမ္မာရုံအနီးရှိ ဆောက်လက်စတိုက် (၃)လွှာ ဆောက်လုပ်ရေးလုပ်ငန်းခွင် အလုပ်သမား အမျိုးသား (၁)ဦး ပြုတ်ကျမှု ဖြစ်ပွားခဲ့သည့် အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။


READ NEXT
Cancel OK