Top News

လေးရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ကျပ်သိန်း ၁၀၀၀ ခန့်တန်ဖိုးရှိ တရားမဝင်သစ်မျိုးစုံ၊ မော်တော်ယာဉ်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ
24htopnews | September 15, 2024 2:12 PM CST

လေးရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ကျပ်သိန်း ၁၀၀၀ ခန့် တန်ဖိုးရှိ တရားမဝင်သစ်မျိုးစုံ၊ မော်တော်ယာဉ်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၁၈ ရက်တွင် ရခိုင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာတွင် ပူးပေါင်းအဖွဲ့များမှ စစ်တွေမြို့နယ်တွင် ကျပ်သိန်း ၅၅၉၁၃၆ ခန့်တန်ဖိုးရှိ သစ်မျိုးစုံ ၃ ဒသမ ၄၉၄၆ တန်၊ ဇန်နဝါရီ ၁၉ ရက်၌ တောင်ကုတ်မြို့နယ်တွင် ကျပ်သိန်း ၃၄၇၄၀၀ ခန့် တန်ဖိုးရှိ တောင်သရက်ခွဲသား ၃ ဒသမ ၄၇၄ တန်၊ စုစုပေါင်းသစ်မျိုးစုံ ၆ ဒသမ ၉၆၈၆ တန် (ခန့်မှန်းငွေကျပ် ၉၀၆၅၃၆) ကို ဖမ်းဆီးရမိခဲ့သဖြင့် မြို့နယ်သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၂၂ ရက်တွင် အေးရှားဝေါလ်ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကျပ်သိန်း ၂၆၉၄၀၀၀၀ ခန့် တန်ဖိုးရှိ U.S.A နိုင်ငံမှတင်သွင်းသော သွင်းကုန်ကြေငြာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Food Supplement Dietary Supplement Item လေးမျိုးနှင့်  ကျပ်သိန်း ၄၃၀၈၀၀၀၀ ခန့်တန်ဖိုးရှိ သွင်းကုန်ကြေငြာလွှာ ID တွင် ကြေညာထားခြင်း မရှိသော Food Supplement Dietary Supplement Item ရှစ်မျိုး စုစုပေါင်း (ခန့်မှန်းငွေ ကျပ် ၇၀၀၂၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သော တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကျပ်သိန်း ၂၄၀၀၀၀၀ ခန့်တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် TOFFEE Candy ဖာ ၁၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ ရှောင်တခင်လှည့်လည်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဘားအံမြို့နယ်၊ သာယာကုန်း ကျေးရွာအုပ်စု၊ အာရှလမ်းမပေါ်တွင် ဖိနပ်မျိုးစုံ ၇၂၀ (ခန့်မှန်းငွေကျပ် ၄၀၆၅၆၀၀) နှင့် အဆိုပါ ဖိနပ်များ သယ်ဆောင်လာသော (Mitsubishi Canter) ၁၆ ဘီးယာဉ်တစ်စီး (ခန့်မှန်းငွေ ကျပ် ၁၉၀၀၀၀၀၀) စုစုပေါင်းကျပ်သိန်း ၂၃၀၆၅၆၀၀ ခန့်ကို ဖမ်းဆီးရမိခဲ့ပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူနှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများအတွင်း  ကျပ်သိန်း ၁၄၃၈၅၆၀ ခန့်တန်ဖိုးရှိ တရားမဝင်ကျွန်းသစ် ၆ ဒသမ ၂၈၆၂ တန်နှင့် ကျပ်သိန်း ၈၆၁၀၀ ခန့်တန်ဖိုးရှိ အခြားသစ်မျိုးစုံ ၂ ဒသမ ၄၆ တန်၊ စုစုပေါင်းသစ်မျိုးစုံ ၈ ဒသမ ၇၄၆၂ တန် (ခန့်မှန်း ငွေကျပ် ၁၅၂၄၆၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၂၃ ရက်တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ (၁၆) မိုင်ကျောက်ချော စစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျပ်သိန်း ၄၈၀၀၀၀ ခန့်တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် Chunliang Yuanjing အမှတ်တံဆိပ် အရက် ၄၈ ပုလင်းနှင့် ကျပ်သိန်း ၈၀၀၀၀၀ ခန့်တန် ဖိုးရှိ TAILI အမှတ်တံဆိပ်ပါ မီးသီး (36W) အလုံး ၄၀၀၊ စုစုပေါင်းကျပ်သိန်း ၁၂၈၀၀၀၀ ခန့်ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်များတွင် ကျပ်သိန်း ၇၂၁၄၀၀ ခန့်တန်ဖိုးရှိ ကညင်သစ် ၁၄ ဒသမ ၄၂၈ တန်ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ဇန်နဝါရီ ၁၈ ရက်၊ ၁၉ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု ဖြစ်ပြီး စုစုပေါင်းကျပ်သိန်း ၉၉၉၁၈၁၉၆ ခန့် ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK