Top News

ဖီဖာ နိုင်ငံတကာခြေစမ်းပွဲများ ကစားမည့် ကစားသမားများစာရင်း ထုတ်ပြန်
24htopnews | October 5, 2024 11:12 PM CST

ဖီဖာ နိုင်ငံတကာခြေစမ်းပွဲများ ကစားမည့် ကစားသမားများစာရင်းကို ယနေ့ အောက်တိုဘာ (၅)ရက် ညပိုင်းတွင် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က အသိပေးထုတ်ပြန်ခဲ့ပြီ ဖြစ်ဘသည်။

ကစားသမားများ စာရင်းတွင် ပြည်ပသို့ သွားရောက်ကစားနေသော သန်းပိုင်နှင့် ဝင်းနိုင်ထွန်း အပါအဝင် ရန်ကုန်ယူနိုက်တက်တွင် ကစားနေသော ရန်ကျော်ထွေး၊ ဟံသာဝတီယူနိုက်တက်တွင် ကစားနေသော အောင်မြတ်သူတို့ (၄)ဦးကို ရှေ့တန်းတိုက်စစ်မှူးများနေရာတွင် ရွေးချယ်ထားသည်။

ထို့နည်းတူ အလယ်တန်းကစားသမားများအနေဖြင့် ပြည်ပကလပ်များတွင် သွားရောက်ကစားနေသည့် လွင်မိုးအောင်၊ ကျော်မင်းဦး၊ ဟိန်းထက်အောင်၊ မောင်မောင်လွင်တို့(၄)ဦးအပါအဝင် ပြည်တွင်းကလပ်များတွင် ကစားနေသည့် ဝေလင်းအောင်၊ဇော်ဝင်းသိန်း၊ ခိုင်ရဲဝင်း၊ လာဒင်မော်ယာ၊ ခွန်ကျော်ဇင်ဟိန်း၊ ဆော်လမန်နှင့် ရဲရင့်အောင်တို့ ပါဝင်သည်။

အလားတူ နောက်တန်းတွင် ပြည်ပသို့ သွားရောက်ကစားနေသည့် စိုးမိုးကျော်နှင့် ပြည်တွင်းကလပ်များရှိ ဟိန်းဖြိုးဝင်း၊ အောင်ဝဏ္ဏစိုး၊ ဇော်ရဲထွန်း၊ ဇွဲခန့်မင်း၊ ကျော်ဖြိုးဝေ၊ သူရိန်စိုး၊ သက်ဟိန်းစိုးနှင့် နန္ဒကျော်တို့ကို ရွေးချယ်ထားသည်။

ဂိုးသမားများအဖြင့် ဆန်းဆက်နိုင်၊ ပြည့်ဖြိုးအောင်နှင့်ပြည်ဖြိုးသူတို့ကို ရွေးချယ်ထားသည်ကို တွေ့ရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် အောက်တိုဘာ (၁၀) ရက်နှင့် (၁၃) ရက် ညနေ(၄)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ သီရိလင်္ကာ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ကျော့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။


READ NEXT
Cancel OK