Top News

စနေနေ့ နေ့လယ်ပိုင်းတွင် ပွဲကစားခဲ့ရသည်ကို ဆိုးလ်ရှား ညည်းတွားခဲ့ပြီး အဲဗာတန်နှင့်ပွဲ၌ ကစားသမား (၃)ယောက် ဒဏ်ရာရခဲ့ဟုဆို
24htopnews | September 14, 2024 10:12 PM CST

ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အဲဗာတန်(၁-၃)မန်ယူပွဲကို စနေ့နေ့ ဒေသစံတော်ချိန်မွန်းလွဲ (၁၂း၃၀)နာရီတွင် ကစားရခြင်းအတွက် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ညည်းတွားခဲ့ပြီး ယင်းပွဲတွင် မန်ယူကစားသမား (၃)ဦးဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံလိဂ်ပွဲစဉ်ကို ဗုဒ္ဓဟူးနေ့ညတွင် တူရကီနိုင်ငံ၌ ကစားခဲ့ရခြင်းကြောင့် ပရီးမီးယားလိဂ်ပွဲကို ယခုအချိန်ထက် နောက်သို့ရွှေ့ဆိုင်းကစားသင့်သည်ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။ 

''ဒီနေ့ပွဲမှာ လင်ဒီလော့ဖ်က ကျောဒဏ်ရာ၊ ရပ်ရှ်ဖို့ဒ်က ပခုံးဒဏ်ရာနဲ့ လုခ်ရှောက တံကောက်ကြောဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒါက ကျွန်တော် မှတ်မိတဲ့(၃)ယောက်ပါ။ ကျန်တဲ့ကစားသမားတွေတော့ အဆင်ပြေကြ မယ်လို့မျှော်လင့်ပါတယ်။  ဒီဟေးယားက ပွဲမတိုင်မီမှာ ပေါင်ခြံ ဒဏ်ရာ ပြဿနာရှိခဲ့ပါတယ်။ တကယ်လို့ ကျွန်တော်တို့အသင်းအနေနဲ့ လက်ရှိပွဲကစားချိန်ထက် (၂၄)နာရီဖြစ်စေ၊ (၂၆)နာရီဖြစ်စေ၊ (၂၈)နာရီဖြစ်စေ နောက်ဆုတ်ကစားရရင်တော့ ဒီထက် ပိုကောင်းအောင်ကစားနိုင်မှာပါ''ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

ဆိုးလ်ရှားက ကစားသမားများ ဒဏ်ရာရရှိမှုမှာ ပွဲစဉ်ရေးဆွဲမှုနှင့် များစွာသက်ဆိုင်ကြောင်း၊ ယခုရာသီ ပရီးမီးယားလိဂ်တွင် ကစားသမားအများအပြား ဒဏ်ရာရရှိနေပြီး ကစားသမားများမှာ စက်ရုပ်များမဟုတ်ဟု သိထား ရမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။


READ NEXT
Cancel OK