Top News

စပိန်လာလီဂါပွဲစဉ် (၉)ပွဲကြိုသုံးသပ်ချက်
24htopnews | September 14, 2024 10:12 PM CST

ဂီတာဖေး - ဗီလာရီးယဲလ် (တနင်္ဂနွေည ရး၃၀ နာရီ)

ဒီနှစ်သင်းမှာ ဂီတာဖေးထက်စာရင် ဗီလာရီးယဲလ်က နည်း ပြ အမ်မရီလက်အောက်မှာ တည်ငြိမ်မှုပိုရနေတယ်။ နည်းပြ အမ် မရီရဲ့ သတိကြီးကြီးနဲ့ ပွဲကိုချဉ်းကပ်နိုင်တဲ့ ဗျူဟာကလည်း အ လုပ်ဖြစ်နေတယ်။ ဂီတာဖေးကလည်း ဂိုးသွင်းနှုန်းပုံမှန်မရှိသလို၊ ခံစစ်ကလည်း အရင်လို အိမ်ကွင်းတောင့်တင်းတဲ့ပုံစံအောက်ကို လျော့ကျလာနေတယ်။ အစဉ်အလာတွေအရလည်း ဗီလာရီး ယဲလ် အသာစီးမှာရှိနေလို့ ဒီပွဲက အိမ်ရှင်ဂီတာဖေးအတွက် အခွင့် အရေးနည်းနေတယ်။ ဗီလာရီးယဲလ်ကိုပဲ ရွေးထားလိုက်တယ်။ ဂိုးတော့နည်းနိုင်တယ်။

ဆိုစီဒက် - ဂရန်နာဒါ (တနင်္ဂနွေည ၉း၄၅ နာရီ)

ဆိုစီဒက် လာလီဂါမှာခြေမြူးပြနေတယ်။ တိုက်စစ်အား လည်း အကောင်းဆုံးထုတ်ပြနေတယ်။ ဂရန်နာဒါကတော့ ယူရို ပါလိဂ်ဝင်လာချိန် လာလီဂါမှာကစားပုံလျော့သွားပြီး တိုက်စစ် ပျောက်သလိုလည်းဖြစ်နေလို့ ဆိုစီဒက်ရဲ့ အိမ်ကွင်းမှာ မရှုံး ရေးကိုပဲ ဦးတည်ကစားလာမှာသေချာတယ်။ အခုပွဲမှာ အဓိက ကျနိုင်တာက ဆိုစီဒက်ရဲ့တိုက်စစ်ပိုင်း အစွမ်းဆက်ပြ၊ မပြကပဲ ဖြစ်လိမ့်မယ်။ ဇယားထိပ်ဆုံးမှာ ဆက်ရှိနေရေးအတွက် ဆိုစီဒက် တို့အိမ်ကွင်းမှာ အနိုင်ကစားမှာပါ။ ဂိုးလည်းများလိမ့်မယ်။

လီဗန်တေး - အလာဗတ်စ် (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

လီဗန်တေးက နိုင်ပွဲရှာနေရဆဲအခြေအနေမှာပဲရှိနေသေး တယ်။ ကစားပုံကစားအားမဆိုးပေမဲ့ တိုက်စစ်အားနည်းမှုက အခုအလာဗတ်စ်လိုအသင်းကို ရင်ဆိုင်ရာမှာလည်း လီဗန်တေး အားကုန်ရုန်းကန်ရဦးမှာသေချာတယ်။ အခုနောက်ပိုင်း အလာ ဗတ်စ်ရဲ့ အမှတ်မရရအောင် ထိန်းကစားနိုင်မှုကလည်း တိုး တက်လာနေတယ်လို့ပြောလို့ရတဲ့အပြင် အစဉ်အလာတွေအရ လည်း လီဗန်တေးကို ကောင်းကောင်းယှဉ်နိုင်လို့ ဒီပွဲလည်း အ လာဗတ်စ် အနိမ့်ဆုံးသရေရအောင်ကစားမှာပါ။ ဂိုးနည်းမယ်။

ဗယ်လာဒိုလစ် - ဘီလ်ဘာအို (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

ဗယ်လာဒိုလစ်ရုန်းကန်လာနေရတာတွေ့ရတယ်။ အထူး သဖြင့် တိုက်စစ်ပိုင်းက အတော်လေးအားနည်းနေပုံနဲ့ဆိုရင် ဘီလ်ဘာအိုကို မနည်းတောင့်ခံရမယ်ထင်တယ်။ ဘီလ်ဘာအို ကလည်း အဝေးကွင်း သိပ်မစွံပါဘူး။ ဂိုးနည်းသရေပဲထင်တယ်။

ဗလင်စီယာ - ရီးယဲလ်မက်ဒရစ် (တနင်္လာနံနက် ၂း၃၀ နာရီ)

ဗလင်စီယာက အရင်တုန်းကလိုမဟုတ်တော့ဘူး။ အ ရင်ကဆို ဗလင်စီယာဟာ ရီးယဲလ်ကို အခက်တွေ့အောင်လုပ် တတ်တဲ့အသင်းမျိုးဖြစ်ပေမဲ့ ဒီရာသီဗလင်စီယာကတော့ အခြေအနေဆိုးနေလို့ ရီးယဲလ်ကိုရင်ဆိုင်နိုင်တဲ့ အင်အား နည်းနေတာအမှန်ပဲ။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ခြေစွမ်းကို လည်း သိပ်ပြီးမျှော်လင့်ထားလို့က မဖြစ်သေးပြန်ဘူး။ ဒီပွဲမ တိုင်မီ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်မှာ ရေကုန်ရေခန်းကစား ခဲ့ရမှုက အခု ဒီပွဲကိုရိုက်ခတ်မှုရှိနိုင်မလားဆိုတာ မဖြစ်မနေ ထည့်စဉ်းစားရမယ့်အချက်လိုဖြစ်နေတယ်။ ဗလင်စီယာက လည်း အိမ်ကွင်းဆို တိုက်စစ်ပိုဖွင့်ကစားပြီး ဂိုးတွေလည်းရ တတ်တယ်ဆိုပေမဲ့ ခံစစ်ပိုင်းအားနည်းလွန်းနေတာက အဓိက ပျော့ကွက်လိုဖြစ်နေတယ်။ လက်ရှိ ရီးယဲလ်မက်ဒရစ်တိုက်စစ် ကလည်း အင်တာမီလန်နဲ့ မကစားမီအထိ ပြိုင်ပွဲစုံ နောက်ဆုံး (၄)ပွဲမှာ (၁၁)ဂိုးသွင်းပြီး ဂိုးမြူးနေချိန်ဖြစ်လို့ ဗလင်စီယာခံစစ် တောင့်ခံနိုင်မဲ့ပုံမပေါ်ဘူး။ ဂိုးများနိုင်တဲ့ ဒီပွဲအတွက် ရီးယဲလ် မက်ဒရစ်ကိုပဲ ပိုကြိုက်နေမိတယ်။


READ NEXT
Cancel OK