Top News

မန်ယူအသင်းတွင် ပြန်ကစားရန် တိုက်စစ်မှူး ဂရင်းဝုဒ် ဆန္ဒမရှိ
24htopnews | September 14, 2024 4:12 PM CST

ဂီတာဖေးအသင်းတွင် တစ်ရာသီအငှားဖြင့် သွားရောက်ကစားနေသည့် အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်သည် မိခင်ကလပ် မန်ယူအသင်းတွင် ပြန်ကစားရန် ဆန္ဒမရှိကြောင်း သိရှိရသည်။

ဂရင်းဝုဒ် (၂၂ နှစ်)သည် ၂၀၂၂ ဇန်နဝါရီတွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုသံသယဖြင့် တရားရင်ဆိုင်ခဲ့ရပြီးနောက် မန်ယူအသင်းအတွက် ပြန်ကစားခွင့် မရတော့ပေ။

ထို့ကြောင့် ဂရင်းဝုဒ်သည် ပြီးခဲ့သည့်နွေရာသီတွင် ဂီတာဖေးအသင်းထံသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ခဲ့သည်။

ယခုအခါ မန်ယူအသင်းပူးတွဲပိုင်ရှင်သစ် ဖြစ်လာသည့် ရက်ကလစ်ဖ်က ဂရင်းဝုဒ်အား အသင်းတွင် ပြန်ကစားခွင့်ပေးဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။

သို့သော် ဂရင်းဝုဒ်သည် ပြဿနာရင်ဆိုင်နေရချိန်တွင် ၎င်းကို မန်ယူအသင်း ထောက်ပံ့မှုနည်းပါးခဲ့သည်ဟုယူဆကာ အသင်းတွင်ပြန်ကစားရန် ဆန္ဒမရှိဖြစ်နေကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK