Top News

ဇာဗီ၏နေရာတွင် အစားထိုးရန် အင်ဇာဂီကို ဘာစီလိုနာအသင်း စိတ်ဝင်စား
24htopnews | September 14, 2024 4:12 PM CST

ဘာစီလိုနာအသင်းသည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည့် နည်းပြ ဇာဗီ၏နေရာတွင် အစားထိုးရန်အတွက် အင်တာမီလန်နည်းပြ အင်ဇာဂီကို ပစ်မှတ်ထားနေကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။

ဘာစီလိုနာနည်းပြ ဇာဗီသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် ရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဟု ကြေညာထားသည်။

ဘာစီလိုနာအသင်းသည် ဇာဗီ၏နေရာတွင်ဆက်ခံမည့် နည်းပြကို ရှာဖွေနေပြီဖြစ်ပြီး ဂျာမနီနည်းပြဟောင်း ဟန်ဆီဖလစ်ခ်မှာ ရေပန်းအစားဆုံးဖြစ်နေသည်။

သို့သော် ယခုအခါ ဘာစီလိုနာအသင်းသည် အင်တာမီလန်နည်းပြ အင်ဇာဂီကို ပစ်မှတ်ထားလာကြောင်း သိရသည်။

အင်ဇာဂီသည် အင်တာမီလန်အသင်းတွင် ငွေကြေးအမြောက်အမြားသုံးစွဲခြင်းမရှိဘဲ အသင်းကို ထိပ်တန်းအဆင့်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

အင်ဇာဂီကို နည်းပြအဖြစ် ခန့်အပ်ရန် ဘာစီလိုနာအပြင် ချယ်လ်ဆီးနှင့် မန်ယူတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ 


READ NEXT
Cancel OK