Top News

ဘာပေကို ကြိုဆိုမည်ဖြစ်ကြောင်း စီရီဇို ပြောကြား
24htopnews | September 14, 2024 4:12 PM CST

အက်သလက်တီကိုအသင်း ဥက္ကဋ္ဌ စီရီဇိုက လာမည့်နွေရာသီတွင် မြို့ခံပြိုင်ဘက် ရီးယဲလ်အသင်းထံသို့ ရောက်ရှိလာမည့် နာမည်ကျော် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘာပေ (၂၅ နှစ်)သည် ယခုရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး  လာမည့် ၂၀၂၄ နွေရာသီတွင် ရီးယဲလ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီဟု သတင်းများထွက်ပေါ် နေသည်။

စီရီဇိုက "ထိပ်တန်းကစားသမားတွေ စပိန်လာလီဂါကို ရောက်လာတာက ကျွန်တော်တို့အတွက် အမြဲတမ်းကောင်းပါတယ်။ ရီးယဲလ်၊ ဘာစီလိုနာ၊ ကော်ဒိုဘာ ဘယ်အသင်းကိုပဲ ရောက်ရောက်ပေါ့။ ကျွန်တော်တို့ လိဂ်မှာ ဘာပေလိုကစားသမားမျိုးရှိနေဖို့က အရမ်းအရေးကြီးပါတယ်။ သူသာ ရောက်လာမယ်ဆိုရင် အရမ်းကောင်းမှာပါ"ဟု ပြောကြားခဲ့သည်။

ဘာပေသည် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၃၂) ပွဲတွင် (၃၂) ဂိုးအထိ သွင်းယူထားသည်။


READ NEXT
Cancel OK