Top News

စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်
24htopnews | September 14, 2024 4:12 PM CST

ဘီလ်ဘာအို နှင့် အက်သလက်တီကို (မြန်မာစံတော်ချိန် သောကြာနံနက် ၃းဝ၀ နာရီ)

ဘီလ်ဘာအိုအသင်းရဲ့ လက်ရှိ အိမ်ကွင်း Form က အတော်လေးကောင်းနေတယ်။ ရာသီအဖွင့်ပွဲစဉ် အိမ်ကွင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းကို အရေးနိမ့်ပြီးကတည်းက ပြိုင်ပွဲစုံမှာ အိမ်ကွင်းရှုံးပွဲ မရှိတော့တဲ့အပြင် အက်သလက်တီကို၊ ဘာစီလိုနာအသင်းတွေကိုလည်း အနိုင်ကစားခဲ့တယ်။ ပြိုင်ပွဲစုံ အိမ်ကွင်း(၁၄)ပွဲမှာ (၂)ပွဲသာ သရေကျပြီး (၁၂)ပွဲအထိ ဘီလ်ဘာအို အနိုင်ရခဲ့တယ်။ အက်သလက်တီကိုကတော့ လာလီဂါပွဲမှာ အဓိကကစားသမားတွေကို အခုပွဲအတွက် အနားပေးထားခဲ့ပြီး ဂရီးဇ်မန်းလည်း ဒဏ်ရာက ပြန်ကစားနိုင်ဖို့ ရှိပါတယ်။ တီကို မိနစ်(၉၀)အတွင်း အနိမ့်ဆုံးသရေတော့ရမှာပါ။


READ NEXT
Cancel OK