Top News

■ ဂွါဒီယိုလာ လက်မလွှတ်နိုင်တဲ့ ဖီးလ်ဖိုဒန် ကောက်ကြောင်း     
24htopnews | September 14, 2024 3:12 PM CST

ဖိုဒန်က မန်စီးတီးအကယ်ဒမီထွက်ကစားသမား။ သူ့အသက်က အခုမှ (၂၄)နှစ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သူက မန်စီးတီးအသင်းနဲ့ အောင်မြင်မှုများစွာရရှိခဲ့သူ။ လူငယ်ကစားသမားဘဝကစပြီး လက်ရှိအချိန်အထိ တစ်ဦးချင်းဆုများစွာကို ဖိုဒန် ရယူနိုင်ခဲ့တယ်။ PFA ဆုကိုလည်း ဖိုဒန် ရယူနိုင်ခဲ့တယ်။ အင်္ဂလန် လက်ရွေးစင်အသင်းနဲ့ ယူရိုဖိုင်နယ်ကို (၂)နှစ်ဆက် တက်နိုင်ခဲ့တယ်။ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခြင်း မရှိသေးပေမဲ့ ဖိုဒန်ရဲ့ ကိုယ်ရည်ကိုယ်သွေးက အားရစရာကောင်းပါတယ်။ ဒါကြောင့် ဖိုဒန်ရဲ့ ငယ်ဘဝဖြတ်သန်းပုံကို ခံစားချင်ပါတယ်။


READ NEXT
Cancel OK