Top News

■ ဂါလာတာစာရေးအသင်းနှင့် အိုဆင်မန် လေ့ကျင့်မှုစတင်ပြုလုပ်     
24htopnews | September 14, 2024 4:12 AM CST

နာပိုလီအသင်းမှ ဂါလာတာစာရေးသို့ အငှားဖြင့်ပြောင်းရွှေ့ကစားနေသည့် နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်သည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဂါလာတာစာရေးအသင်းနှင့်အတူ လေ့ကျင့်မှု စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အိုဆင်မန်(၂၅ နှစ်)သည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများထံ ပြောင်းရွှေ့ရန် ဆန္ဒရှိခဲ့သော်လည်း ၎င်း၏ မြင့်မားသည့် လျော် ကြေးစာချုပ်တန်ဖိုးကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ခြင်းမရှိိခဲ့ပေ။ 

ထို့ကြောင့် နာပိုလီအသင်းက ၎င်းကို ဂါလာတာစာရေးအသင်းထံ ရာသီကုန်အထိ အငှားချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိုဆင်မန်အနေဖြင့် ဂါလာစာရေးအသင်းထံသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း အဆိုပါအငှားစာချုပ်တွင် ဇန်နဝါရီအပြောင်းအရွှေ့ကာလ၌ အသင်းပြောင်းရွှေ့လိုပါက စာချုပ်ဖျက်သိမ်းပေးရမည်ဆိုသော အချက်ပါဝင်ကြောင်း သိရသည်။ 

အိုဆင်မန်အား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်ယူတို့အပြင် ဆော်ဒီကလပ်များကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK