Top News

ဂါရတ်ဘေးလ်အား ပေါင် (၁၅)သန်းဝန်းကျင်ဖြင့် အပြီးသတ်ခေါ်ယူရန် စပါး စီစဉ်
24htopnews | September 13, 2024 11:12 PM CST

စပါးအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းထံမှ တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူထားသည့် အသင်း၏ ကြယ်ပွင့်ကစားသမားဟောင်း ဂါရတ်ဘေးလ်အား ပေါင် (၁၅)သန်းဝန်းကျင်ဖြင့် အပြီးသတ်စာချုပ်ခေါ်ယူလိုနေကြောင်း သိရှိရသည်။

ဂါရတ်ဘေးလ်သည် စပါးအသင်းတွင် ဂိုးများစွာသွင်းယူနိုင်ခြင်းမရှိသေးသော်လည်း ဟာရီကိန်း၊ ဆွန်ဟောင်မင်တို့နှင့်အတူ တိုက်စစ်ပိုင်းတွင် အဓိက ကစားသမားအဖြစ် ကစားခွင့်ရလာခဲ့ပြီး အသင်းနည်းပြ မော်ရင်ဟိုကလည်း သူ ၏ခြေစွမ်းကို သဘောကျနေကြောင်း သိရှိရသည်။

ယင်းအတွက်ကြောင့် စပါးအသင်းသည် အငှားစာချုပ်သက်တမ်း ကုန်ဆုံးပါက အပြီးသတ်စာချုပ်ရန်ကိစ္စကို စီစဉ်လာခဲ့ခြင်းဖြစ်ပြီး ပေါင် (၁၅)သန်းဝန်းကျင်ဖြင့် ရီးယဲလ်မက်ဒရစ်က လက်လွှတ်ပေးမည်ဆိုပါက အပြီးသတ်ခေါ်ယူသွားမည်ဟု သိရှိရသည်။

ဂါရတ်ဘေးလ်သည် ယခုရာသီ စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၆)ပွဲကစားထားပြီး (၁)ဂိုးသွင်းယူထားသည်။


READ NEXT
Cancel OK