Top News

မြန်မာရေဘေးသင့်ပြည်သူများအတွက် ဂျပန်မှ ကုမ္ပဏီတစ်ခုနှင့် မြန်မာအစိုးရပညာတော်သင်များမှ အလှူငွေများလှူဒါန်း
24htopnews | October 11, 2024 9:12 PM CST

မြန်မာနိုင်ငံမှ ရေဘေးသင့်ပြည်သူများထံ ဂျပန်မှ ကုမ္ပဏီတစ်ခုနှင့် ဂျပန်နိုင်ငံတွင် ပညာသင်ကြားလျက်ရှိသော မြန်မာအစိုးရ ပညာတော်သင်များမှ အလှူငွေများလှူဒါန်းခဲ့ရာ သံအမတ်ကြီး ဦးစိုးဟန်မှ လက်ခံရယူခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

ဂျပန်နိုင်ငံ၊ Sai no Kuni Health and Social Welfare Coo perative ကုမ္ပဏီမှ အောက်တိုဘာ (၁၀)ရက်က လှူဒါန်းသော ယန်း ၃၀၀ ,၀၀၀ (ယန်း သုံးသိန်း) နှင့် အောက်တိုဘာ(၉)ရက်က ဂျပန်နိုင်ငံတွင် ပညာသင်ကြားလျက်ရှိသော မြန်မာအစိုးရ ပညာတော်သင်များ၏ စုပေါင်းလှူဒါန်းမှုများကို သံအမတ်ကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် မြန်မာသံရုံး၊ တိုကျိုမြို့ဝန်ထမ်းများ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဂျပန်မိတ်ဆွေများ၊ မြန်မာအစိုးရပညာတော်သင်များ၏ လှူဒါန်းငွေ စုစုပေါင်း ယန်း ၁,၉၃၃,၀၀၀ အား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုများ ပေးနေကြောင်းလည်း သိရသည်။


READ NEXT
Cancel OK