Top News

အောက်တိုဘာအတွက် လာလီဂါအကောင်းဆုံးဆုကို ဆိုစီဒက်အသင်းမှ အော်ယာဇာဘယ်လ် ဆွတ်ခူး
24htopnews | September 13, 2024 11:12 PM CST

အောက်တိုဘာလအတွက် လာလီဂါအကောင်းဆုံးကစားသမားဆုကို ဆိုစီဒက်အသင်း တောင်ပံကစားသမား အော်ယာဇာဘယ်လ် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဆိုစီဒက်အသင်းသည် အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ကစားသည့် လာလီဂါ သုံးပွဲစလုံး ရာနှုန်းပြည့်အနိုင်ရခဲ့ပြီး အော်ယာဇာဘယ်လ်က သုံးပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့သည်။

၎င်းသည် ဂီတာဖေးနှင့်ပွဲတွင် ပယ်နယ်တီမှတစ်ဂိုး၊ ဘက်တစ်နှင့်ပွဲတွင် ပယ်နယ်တီမှတစ်ဂိုး၊ ဟွယ်ဆကာနှင့်ပွဲတွင် ပယ်နယ်တီအပါအဝင် နှစ်ဂိုး၊ စုစုပေါင်း လေးဂိုးသွင်းယူနိုင်သဖြင့် တစ်လတာအကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခြင်းဖြစ်သည်။

အသက် ၂၃ နှစ်အရွယ် စပိန်လက်ရွေးစင်ကစားသမား အော်ယာဇာဘယ်လ်သည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ခြောက်ဂိုးသွင်းယူထားပြီး ဂိုးအများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။

ပြီးခဲ့သည့်စက်တင်ဘာလ အကောင်းဆုံးဆုကိုမူ ဘာစီလိုနာအသင်းမှ လူငယ်ကြယ်ပွင့် အန်ဆူဖာတီက ရရှိခဲ့ကြောင်း သိရသည်။

လာလီဂါတစ်လတာအကောင်းဆုံးဆုကို ၂၀၁၃-၁၄ ရာသီက စတင်ချီးမြှင့်ခဲ့ပြီး ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက (၇)ကြိမ်ဖြင့် အများဆုံးရရှိထားသည်။


READ NEXT
Cancel OK