Top News

ဘိုင်ယန်မြူးနစ်လူငယ်ကြယ်ပွင့် မူစီယာလာကို အင်္ဂလန်နှင့် ဂျာမနီ အပြိုင်လုနေ
24htopnews | September 13, 2024 11:12 PM CST

အင်္ဂလန်အသင်းနှင့် ဂျာမနီအသင်းတို့သည် ဘိုင်ယန်မြူးနစ်အသင်း၏ လူငယ်ကြယ်ပွင့် တောင်ပံကစားသမား ဂျမားလ်မူစီယာလာအား အပြိုင်လုနေကြကြောင်း သိရှိရသည်။

အသက် (၁၇)နှစ်အရွယ်သာရှိသေးသည် မူစီယာလာသည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းကြီးအတွက် အချို့ပွဲစဉ်များတွင် ဝင်ကစားပေးနေပြီး ခြေစွမ်းပြလျက်ရှိသည်။

သူသည် ချယ်လ်ဆီးအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ယမန်နှစ်ကမှ ဘိုင်ယန်မြူးနစ်သို့ ထွက်ခွာသွားကာ ယခုရာသီတွင် ခြေစွမ်းပြနေသူဖြစ်သည်။

နိုင်ဂျီးရီးယားဖခင်နှင့် ဂျာမန်မိခင်တို့မှာ မွေးဖွားခဲ့ပြီး၊ သူ၏ မိသားစုသည် ငယ်စဉ်ကတည်းက အင်္ဂလန်တွင် ပြောင်းရွှေ့အခြေချခဲ့ခြင်းကြောင့် (၃)နိုင်ငံစလုံးအတွက် ကစားခွင့်ရနေသည်။

သူ့အား အင်္ဂလန်ယူ-၂၁ အသင်းက ရွေးချယ်ခဲ့သော်လည်း ဂျာမနီအသင်းကလည်း ကမ်းလှမ်းနေကြောင်း သိရှိရသည်။

မူစီယာလာသည် သက်တမ်းအလိုက်လူငယ်အသင်းအသင်းများ၌ ဂျာမနီရော အင်္ဂလန်အသင်းအတွက်ပါ ကိုယ်စားပြုကစားပေးခဲ့သူဖြစ်သည်။

၎င်းအနေဖြင့် အင်္ဂလန်ယူ-၁၅ အသင်းအတွက် (၃)ပွဲကစား (၄)ဂိုးသွင်း၊ အင်္ဂလန်ယူ-၁၆ အသင်းအတွက် (၉)ပွဲကစား (၃)ဂိုးသွင်း၊ ဂျာမနီယူ-၁၆ အသင်းအတွက် (၂)ပွဲကစား၊ အင်္ဂလန်ယူ-၁ရအသင်းအတွက် (၈)ပွဲကစား (၂)ဂိုးသွင်းခဲ့သည်။

 


READ NEXT
Cancel OK