Top News

ဇန်နဝါရီအတွက် MNL-2 လအလိုက်အကောင်းဆုံးဆုကို မြဝတီအသင်းနည်းပြချုပ် ဦးမောင်မောင်အေးနှင့် တိုက်စစ်မှူး ကောင်းစည်သူ ရရှိ
24htopnews | September 12, 2024 11:12 PM CST

မြဝတီအသင်းသည် ဇန်နဝါရီတွင် ယှဉ်ပြိုင်ကစားသည့်ပွဲများအနက် ကချင်ယူနိုက်တက်အသင်းကို (၂-ဝ) ဂိုး၊ ငွေကြယ်ပွင့်အသင်းကို (၄-၂) ဂိုးဖြင့် အနိုင်ရ ခဲ့သောကြောင့် ဦးမောင်မောင်အေးက နည်းပြ ဆုရရှိခဲ့သည်။ အကောင်းဆုံးကစားသမား ဆုကို မြဝတီအသင်းတိုက်စစ်မှူး ကောင်းစည်သူကရရှိခဲ့ပြီး နှစ်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ကောင်းစည်သူသည် ကချင်ယူနိုက်တက်အသင်းအား အနိုင်ရသည့် အဖွင့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

 

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီက ရွေးချယ်ချီးမြှင့်သည့် ၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ၏ ဇန်နဝါရီ အတွက် လအလိုက် အကောင်းဆုံးဆုကို မြဝတီအသင်းနည်းပြချုပ် ဦးမောင်မောင်အေးနှင့် တိုက်စစ်မှူး ကောင်းစည်သူတို့က ရရှိခဲ့ကြောင်း သိရသည်။ 

ဇန်နဝါရီတွင် နှစ်ပွဲသာကျင်းပခဲ့သော်လည်း မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေ ဖြင့် လအလိုက် အကောင်းဆုံးဆုချီးမြှင့်ခဲ့ပြီး မြဝတီအသင်းက ဆုနှစ်ခုစလုံး ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီတွင်ကျင်းပသည့် ပွဲစဉ် များအနက် နှစ်ပွဲစလုံးအနိုင်ရသည့်အသင်း သုံးသင်းရှိသော်လည်း ဇယားထိပ်ဆုံးမှ Chinland နှင့် တတိယနေရာမှ Junior Lions အသင်းတို့ကိုကျော်ဖြတ်၍ မြဝတီအသင်းက အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆု ရရှိခဲ့ခြင်းဖြစ်သည်။

မြဝတီအသင်းသည် ဇန်နဝါရီတွင် ယှဉ်ပြိုင်ကစားသည့်ပွဲများအနက် ကချင်ယူနိုက်တက်အသင်းကို (၂-ဝ) ဂိုး၊ ငွေကြယ်ပွင့်အသင်းကို (၄-၂) ဂိုးဖြင့် အနိုင်ရ ခဲ့သောကြောင့် ဦးမောင်မောင်အေးက နည်းပြ ဆုရရှိခဲ့သည်။ အကောင်းဆုံးကစားသမား ဆုကို မြဝတီအသင်းတိုက်စစ်မှူး ကောင်းစည်သူကရရှိခဲ့ပြီး နှစ်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ကောင်းစည်သူသည် ကချင်ယူနိုက်တက်အသင်းအား အနိုင်ရသည့် အဖွင့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

ယင်းဆုများကို ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပသည့် မြဝတီအသင်းနှင့် Chinland အသင်းတို့ပွဲ မတိုင်မီ ချီးမြှင့်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို ဆုတံဆိပ်နှင့် ဆုကြေးကျပ်တစ်သိန်း၊ အကောင်းဆုံးနည်းပြဆုကို ဆုတံဆိပ် နှင့် ဆုကြေးကျပ်ငါးသောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။ 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် လအလိုက် အကောင်းဆုံးဆုများကို ၂၀၁၈ ခုနှစ်တွင် ပြန်လည်ချီးမြှင့်ခဲ့ပြီး MNL ပြိုင်ပွဲ အပြင် MNL-2 ပြိုင်ပွဲတွင်ပါ ပေးအပ်ချီးမြှင့် နေခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ယခုရာသီတွင်လည်း လိဂ်နှစ်ခုစလုံး ချီးမြှင့်နေပြီး ဖေဖော်ဝါရီအတွက် အကောင်းဆုံးဆုများကို မတ်လဆန်းတွင် ရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။

 

 


READ NEXT
Cancel OK