Top News

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများတွင် ငါးနှစ်အတွင်း မြန်မာနိုင်ငံသားများ၏ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၄၁၄ ဘီလျံကျော်ရှိပြီး လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း ကျပ် ၁၈၁ ဘီလျံအထိ မြှုပ်နှံထား
24htopnews | October 15, 2024 11:12 AM CST

ဟိုတယ်နှင့် ခရီးသွားရေးလုပ်ငန်းကဏ္ဍတွင် ငါးနှစ်အတွင်း မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံထားမှု ကျပ် ၁၄၁၄ ဘီလျံကျော်ရှိပြီး လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း ကျပ် ၁၈၁ ဘီလျံအထိ မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် နှစ်အလိုက် မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၂၀၂၃၇၅ ဒသမ ၆၆ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၄၃၄၆၇၀ ဒသမ ၈၁ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁၃၂၉၁၆ ဒသမ ၀၆ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃၄၁၆၀၉ ဒသမ ၆၅ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း ကျပ် ၁၂၉၅၀၈ ဒသမ ၃၀ သန်း၊၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၃၂၃၁ ဒသမ ၄၀ သန်း ရင်းနှီးမြှုပ်နှံထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ ဟိုတယ်နှင့် ခရီးသွားရေးလုပ်ငန်းကဏ္ဍတွင် မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံထားမှု ကျပ် ၁၈၁၂၈၃ ဒသမ ၄၁ သန်းအထိ ရှိနေသည်။

သို့သော်လည်း ကမ္ဘာ့နိုင်ငံအများစုတွင် COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေသကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများအပေါ် ထိခိုက်ခဲ့သည်။

COVID-19 ကူးစက်မှုကို ကာကွယ်ရန်ပြည်ဝင်ခွင့်များ ယာယီပိတ်ထားပြီး လေကြောင်းလိုင်းများ ရပ်နားထားသည့်အချိန်တွင် ခရီးသွားလုပ်ငန်းသည် လုံးဝရပ်တန့်သွားကြောင်း၊ ၂၀၂၀ ဇန်နဝါရီတွင် ခရီးသွား လေးသိန်း ဝင်ရောက်ခဲ့ရာမှ ဧပြီလတွင် ခရီးသွား ၁၀၀ မရှိသည့်အနေအထား ရောက်ရှိသွားသည်ကို ပြည်သူတွေ ဘေးကင်းလုံခြုံမှုအတွက် အားလုံး အတူတကွ ကြံ့ကြံ့ခံခဲ့ကြပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Guidelines များကို လိုက်နာပြီး COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်သည့် Social Distancing နှင့် အလုပ်ရုံ စက်ရုံများ ပြန်ဖွင့်ရန် စျေးများ စားသောက်ဆိုင်များ ပြန်ဖွင့်ရန် ဟိုတယ်၊ တည်းခိုခန်းများ ပြန်ဖွင့်ရန် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ကြပါကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားထားသည်။

ထို့ပြင် ဖြေလျှော့မှု နောက်တစ်ဆင့်တွင် ဘုရားများ၊ ပြတိုက်များကို Social Distancing နှင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဆိုလျှင် ပြည်တွင်းခရီးသွားများ စတင်သွားလာကြပြီး ခရီးသွားလုပ်ငန်း တဖြည်းဖြည်းချင်း ပြန်လည်အသက်ဝင်လာရန် မျှော်လင့်ပါကြောင်း၊ ပြည်တွင်းခရီးသွားများ COVID-19 Safe Travel လုပ်နိုင်သည်ကိုပြပြီး COVID-19 ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်နေသည်ဟု ယူဆရသည့် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများနှင့်  Regional Travel Bubble ထူထောင်သွားလိုကြောင်း၊ ဒေသတွင်းခရီးသွား ပြန်လည်စတင်နိုင်ရန် Tourism National Guidelines ရှိရမည်ဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော Guidelines များကို စုစည်း၍ Tourism National Guidelines Beta Version အဖြစ် ပြင်ဆင်ထားကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထပ်မံထုတ်ပြန်မည့် Guidelines များကိုလည်း နောက် Version တွင် ဖြည့်စွက်ထည့်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မကြာမီ Forbes Magazine က COVID-19 အလွန်တွင် ပေါ်ထွန်းလာမည့် Tourism Destination ခုနစ်ခုမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြခဲ့သည့်အတွက် လာမည့်ခရီးသွားရာသီတွင် မြန်မာနိုင်ငံကို လာရောက်လိုသည့် ခရီးသွားများ၏ စုံစမ်းမှုများကို စတင်ရရှိနေပြီဖြစ်ကြောင်း၊ လက်ရှိလာရောက်သူများမှာ Business or Diplomatic Traveller အများစုဖြစ်ကြပြီး Leisure Traveller များ စတင်ဝင်ရောက်လာလျှင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် Health Insurance ပါရှိရန်ကိုပါ လိုအပ်ချက်တစ်ခုအဖြစ် ထည့်သွင်းပေးစေလိုကြောင်းလည်း ပြောကြားသည်။


READ NEXT
Cancel OK