Top News

မြန်မာကြက်တောင်ကစားသမား သက်ထားသူဇာ အိုလံပစ်ဝင်ခွင့်ရရန် ဧပြီနောက်ဆုံးပတ်မတိုင်မီ ပြိုင်ပွဲကိုးပွဲအထိ ယှဉ်ပြိုင်ရန်စီစဉ် အာဖရိကနှင့် ဥရောပနိုင်ငံများတွင် ပြိုင်ပွဲရှစ်ခုယှဉ်ပြိုင်ရန် ကုန်ကျစရိတ် ကျပ်သိန်း ၂၀၀ ကျော်ရှိမည်
24htopnews | September 12, 2024 11:12 PM CST

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သည် ဧပြီ ၂၆ ရက်မတိုင် မီ ယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲများမှ ရမှတ်များအပေါ် တွက်ချက်၍ အိုလံပစ်ဝင်ခွင့်ပေးမည်ဖြစ်ပြီး သက်ထားသူဇာအနေဖြင့် သင်္ကြန်မတိုင် မီအထိ ပြိုင်ပွဲရှစ်ပွဲ ယှဉ်ပြိုင်မည် ဖြစ်သလိုသင်္ကြန်အပြီးတွင်လည်း  ပြိုင်ပွဲတစ်ပွဲ ထပ်မံယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဖေဖော်ဝါရီ ၂၀ ရက်မှ ဧပြီ ၁၁ ရက်အထိ ရက်ပေါင်း ၅၀ ကျော် အတွင်း အာဖရိကနှင့် ဥရောပနိုင်ငံ များတွင် ပြိုင်ပွဲများယှဉ်ပြိုင်မည်ဖြစ် ပြီး ဖေဖော်ဝါရီ ၁၇ ရက် နံနက်အစော ပိုင်းတွင် ရန်ကုန်မြို့မှ ယူဂန္ဓာနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။ 

 

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ဧပြီနောက် ဆုံးပတ်မတိုင်မီ ပြိုင်ပွဲကိုးပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သည် ဧပြီ ၂၆ ရက်မတိုင် မီ ယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲများမှ ရမှတ်များအပေါ် တွက်ချက်၍ အိုလံပစ်ဝင်ခွင့်ပေးမည်ဖြစ်ပြီး သက်ထားသူဇာအနေဖြင့် သင်္ကြန်မတိုင် မီအထိ ပြိုင်ပွဲရှစ်ပွဲ ယှဉ်ပြိုင်မည် ဖြစ်သလိုသင်္ကြန်အပြီးတွင်လည်း  ပြိုင်ပွဲတစ်ပွဲ ထပ်မံယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဖေဖော်ဝါရီ ၂၀ ရက်မှ ဧပြီ ၁၁ ရက်အထိ ရက်ပေါင်း ၅၀ ကျော် အတွင်း အာဖရိကနှင့် ဥရောပနိုင်ငံ များတွင် ပြိုင်ပွဲများယှဉ်ပြိုင်မည်ဖြစ် ပြီး ဖေဖော်ဝါရီ ၁၇ ရက် နံနက်အစော ပိုင်းတွင် ရန်ကုန်မြို့မှ ယူဂန္ဓာနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။ 

သက်ထားသူဇာသည် ယူဂန္ဓာနှင့် ကင်ညာနိုင်ငံတို့တွင် ချန်ပီယံကာကွယ်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲပြီးပါက ဥရောပနိုင်ငံခြောက်နိုင်ငံသို့ ထွက်ခွာကာ ပြိုင်ပွဲခြောက်ပွဲ ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် ချန်ပီယံဆုကာကွယ်ပွဲများ အဖြစ် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် Uganda International Series ပြိုင်ပွဲ၊ ဖေ ဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက် အထိ ကျင်းပမည့် Kenya Future Series ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ် ပြီး ဥရောပနိုင်ငံများတွင်မူ  မတ် ၅ ရက်မှ ၈ ရက်အထိ ပေါ်တူဂီနိုင်ငံ၌ ကျင်းပမည့် International Series ပြိုင်ပွဲ၊ မတ် ၁၂ ရက်မှ ၁၅ ရက် ချက်နိုင်ငံ၌ ကျင်းပမည့် International Series ပြိုင်ပွဲ၊ မတ် ၁၇ ရက်မှ ၂၂ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပမည့် HSBC BWF World Tour Super 300 ပြိုင်ပွဲ၊ မတ် ၂၆ ရက်မှ ၂၉ ရက်အထိ ပိုလန်နိုင်ငံ၌ ကျင်းပမည့် International Challenge ပြိုင်ပွဲ၊ ဧပြီ ၂ ရက်မှ ၅ ရက် အထိ ဖင်လန်နိုင်ငံ၌ ကျင်းပမည့် International Series ပြိုင်ပွဲ နှင့် ဧပြီ ၈ ရက်မှ ၁၁ ရက်အထိ နယ်သာလန်နိုင်ငံ၌ ကျင်းပမည့် International Series ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် ယင်း ပြိုင်ပွဲရှစ်ခုယှဉ်ပြိုင်ရန် ကုန်ကျစရိတ် ကျပ်သိန်း ၂၀၀ ကျော် (ဒေါ်လာ ၁၅၀၀၀ ဝန်းကျင်) ရှိမည်ဖြစ်ပြီး သူမ၏ဖခင်ပါ လိုက်ပါသွားမည်ဖြစ်သည်။ 

"အိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် ပြိုင်ပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ်ပြိုင်ပွဲ ရှစ်ခု ယှဉ်ပြိုင်ဖို့ စီစဉ်ထားပြီး ဧပြီ ၁၂၊ ၁၃ လောက်မှ ရန်ကုန်ပြန်ရောက်မှာပါ။ သင်္ကြန်ပြီးရင်လည်း ပြိုင်ပွဲ တစ်ပွဲလောက် ထပ်ပြိုင်ဖို့ရှိပါတယ်။ အိုလံပစ်ဝင်ခွင့်က ဧပြီ ၂၆ ရက် အထိ ယှဉ်ပြိုင်တဲ့ပြိုင်ပွဲရလဒ်တွေနဲ့ သက်ဆိုင်တာကြောင့် သင်္ကြန် မတိုင်ခင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲရှစ်ပွဲ ရလဒ်အပေါ်မူတည်ပြီး ထပ်မံယှဉ်ပြိုင်မှာပါ။ ယူဂန္ဓာနဲ့ ကင်ညာပြီးရင် ဥရောပကိုဆက်သွားမှာပါ။ ဖင်လန် ပြိုင်ပွဲပြီးရင် နယ်သာလန်ပြိုင်ပွဲကို ဆက်ကစားမှာပါ။ အဲဒီရက်မှာ စင်ကာပူမှာလုပ်ဖို့ စီစဉ်ထားတဲ့ ပြိုင်ပွဲက မသေချာတာကြောင့် နယ်သာလန်ပြိုင်ပွဲကို ဦးစားပေးယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြိုင်ပွဲတွေများသလို ဥရောပနိုင်ငံတွေမှာ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ကုန်ကျစရိတ်က များပါတယ်။ ကျွန်တော်ကိုယ်တိုင် လိုက်ပါမှာဖြစ်ပြီး ကုန်ကျစရိတ်က ဒေါ်လာ ၁၅၀၀၀ ဝန်းကျင်ရှိပါတယ်။ ဒါတောင် ပြိုင်ပွဲရဲ့ Official ဟိုတယ် တွေမှာမတည်းဘဲ စရိတ်နည်းတဲ့ ဟိုတယ်တွေမှာပဲ တည်းခိုမှာပါ" ဟု သက်ထားသူဇာ၏ ဖခင်ဦးထွန်းထွန်းဇော်က ပြောကြားခဲ့သည်။ 

    သက်ထားသူဇာသည် ယခုနှစ် အတွင်း ပြိုင်ပွဲတစ်ပွဲသာ ယှဉ်ပြိုင်ရ သေးပြီး ဥရောပနိုင်ငံများတွင်မူ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

 

 

 


READ NEXT
Cancel OK