Top News

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဒေ့ဗ်ဝက်ဆန် အာရုံကြောပျက်စီးသည့်ရောဂါ ခံစားနေရ
24htopnews | September 12, 2024 11:12 PM CST

အသက် ၇၃ နှစ်ရှိပြီဖြစ်သည့် ဝက်ဆန်အနေဖြင့် ဘောလုံးအား ကြိမ်ဖန်များစွာ ခေါင်းတိုက်ကစားခြင်းကြောင့် ဦးခေါင်းဒဏ်ရာရရှိပြီး အာရုံကြောပျက်စီးသည့်ဝေဒနာ ခံစားနေရခြင်းဖြစ်နိုင်ကြောင်း ၎င်း၏ဇနီးဖြစ်သူ ပင်နီဝက်ဆန်က ပြောကြားခဲ့သည်။ 

 

အင်္ဂလန်လက်ရွေးစင်အသင်း ခေါင်းဆောင်ဟောင်း ဒေ့ဗ်ဝက်ဆန်သည် အာရုံကြောပျက်စီးသည့်ဝေဒနာ ခံစားနေရကြောင်း သိရသည်။

အသက် ၇၃ နှစ်ရှိပြီဖြစ်သည့် ဝက်ဆန်အနေဖြင့် ဘောလုံးအား ကြိမ်ဖန်များစွာ ခေါင်းတိုက်ကစားခြင်းကြောင့် ဦးခေါင်းဒဏ်ရာရရှိပြီး အာရုံကြောပျက်စီးသည့်ဝေဒနာ ခံစားနေရခြင်းဖြစ်နိုင်ကြောင်း ၎င်း၏ဇနီးဖြစ်သူ ပင်နီဝက်ဆန်က ပြောကြားခဲ့သည်။ 

" ဒေ့ဗ်က အဆင်ပြေတဲ့နေ့ရော အဆင်မပြေတဲ့နေ့ပါ ဖြတ်သန်းနေရပါတယ်။ သူက သာမန်ဘဝမှာ ပျော်ပျော်နေဖို့ ဆက်ပြီးကြိုးစားနေပါတယ်။ ဒါပေမဲ့ နေ့တိုင်းလိုလို စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရပါတယ်" ဟု ၎င်းကဆိုသည်။

ဒေ့ဗ်ဝက်ဆန်သည် နော့စ်ကောင်တီ၊ ရော့သာဟမ်၊ ဆန်းဒါးလန်း၊ မန်စီးတီး၊ ၀ါဒါဘရီမင်၊ ဆောက်သမ်တန်၊ စတုတ်စီးတီး၊ ဗန်ကူးဗားဝှိုက်ကတ်၊ ဒါဘီ၊ ဖော့တ်လော်ဒါဒေးလ်ဆန်း၊ ကတ်တာရင်း စသည့်ကလပ်အသင်းများစွာနှင့် အင်္ဂလန်အသင်းအတွက် ၆၅ ပွဲ ကစားဖူးသည့် နောက်ခံလူဟောင်းဖြစ်ပြီး အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရခဲ့သည်။

 


READ NEXT
Cancel OK