Top News

အယ်လီအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အကြောင်း လှောင်ပြောင်ခြင်းမှာ လူမျိုးရေးခွဲခြင်းမဟုတ်ဘဲလူငယ်များဖြစ်လေ့ရှိသည့် အမှားကျူးလွန်ခြင်းသာဖြစ်ကြောင်း မော်ရင်ဟို အားပေး
24htopnews | September 12, 2024 11:12 PM CST

အယ်လီအနေဖြင့် အငြင်းပွားဖွယ် ဗီဒိယိုဖိုင်ကို ဖျက်ပစ်ခဲ့ပြီး ပြန်လည်တောင်းပန်သော်လည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က စစ်ဆေးမေးမြန်းမှုပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ မန်စီးတီးအသင်းကွင်းလယ် လူ ဘာနာဒိုဆေးလ်ဗားသည် ယခု ရာသီတွင် အသင်းဖော် မန်ဒီကို Twitter ၌ နောက်ပြောင်သဖြင့် တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ပေါင် ၅၀၀၀၀ ချမှတ်ခံခဲ့ရသော ကြောင့် မော်ရင်ဟိုက အယ်လီဘက် မှ ကာကွယ်ပြောကြားခြင်းဖြစ်သည်။

 

စပါးအသင်းနည်းပြ မော်ရင်ဟိုက အယ်လီအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အကြောင်း လှောင်ပြောင်ခြင်းမှာ လူမျိုးရေးခွဲခြားခြင်းမဟုတ်ဘဲ လူငယ်များဖြစ်လေ့ရှိသည့် အမှားကျူးလွန်ခြင်းသာဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့သည်။

အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား အယ်လီ (၂၃ နှစ်) သည် ဖေဖော်ဝါရီ ၈ ရက်က လေဆိပ်ရှိ ပြည်ပထွက်ခွာနေရာသို့ ရောက်ရှိနေစဉ် Snapchat မှတစ်ဆင့် ဗီဒီယိုတစ်ခုတင်ခဲ့ကြောင်း သိရသည်။ ယင်းဗီဒီယိုတွင် အယ်လီ သည် အမည်းရောင်မျက်နှာဖုံးနှင့်ခေါင်းစွပ်ဦးထုပ်ဝတ်ဆင်ထားပြီး အာရှသားဟု ထင်ရသူတစ်ဦးကို ကင်မရာဖြင့် အကျယ်ချဲ့ပြပြီးနောက် လက်ဆေးဆပ်ပြာရည်ဘူးကို ထပ်မံ ရိုက်ပြခဲ့သည်။ 

ထို့ပြင် ၎င်းက "ကိုရိုနာဆိုတာ ဘာလဲ။ ကျေးဇူးပြုပြီး အသံကိုနားထောင်လိုက်ပါဦး။ ဒီဗိုင်းရပ်စ်က ငါ့ကိုဖမ်းမိဖို့ ပိုပြီးမြန်မြန်လာနေပြီ" ဟု ရေးသားခဲ့ရာ ယင်းအပြုအမူမှာ ခွဲခြားဆက်ဆံခြင်း နှင့် လှောင်ပြောင်ခြင်းဖြစ်ကြောင်း ဝေဖန်မှုများ စွာ ထွက်ပေါ်လာသော ကြောင့် အယ်လီက ဗီဒီယိုကိုဖျက်ပစ်ခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၉ ရက်တွင် တရုတ်လူမှုမီဒီယာဖြစ်သည့် Weibo မှတစ်ဆင့် ၎င်းက " မနေ့က Snapchat မှာ တင်ခဲ့တဲ့ ဗီဒီယိုအတွက် တောင်းပန်ပါတယ်။ ဒါက ရယ်စရာမဟုတ်ဘူးဆိုတာ သတိထားမိလိုက်တဲ့အတွက် ချက်ချင်းဖျက်ပစ်လိုက်ပါပြီ။ ဒါက နောက်ပြောင်သင့်တဲ့ကိစ္စမဟုတ်ပါဘူး။ တရုတ်မှာရှိသူအားလုံးအတွက် ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ဆုမွန် ကောင်းတောင်းပေးပါတယ်" ဟု ပြန်လည်တောင်းပန်ခဲ့သည်။

အယ်လီအနေဖြင့် အငြင်းပွားဖွယ် ဗီဒိယိုဖိုင်ကို ဖျက်ပစ်ခဲ့ပြီး ပြန်လည်တောင်းပန်သော်လည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က စစ်ဆေးမေးမြန်းမှုပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ မန်စီးတီးအသင်းကွင်းလယ် လူ ဘာနာဒိုဆေးလ်ဗားသည် ယခု ရာသီတွင် အသင်းဖော် မန်ဒီကို Twitter ၌ နောက်ပြောင်သဖြင့် တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ပေါင် ၅၀၀၀၀ ချမှတ်ခံခဲ့ရသော ကြောင့် မော်ရင်ဟိုက အယ်လီဘက် မှ ကာကွယ်ပြောကြားခြင်းဖြစ်သည်။

"သူလည်း တော်တော်စိတ် မကောင်းဖြစ်နေပါတယ်။ ဒါက မှားယွင်းတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ သူ့ဆီမှာ ထိခိုက်နစ်နာစေလိုတဲ့ဆန္ဒလည်း မရှိပါဘူး။ အမှားကို ချက်ချင်းသဘောပေါက်ပြီး နောင်တရတယ်ဆိုတာ လူငယ်မျိုးဆက်တွေ လုပ်နေကျအမှားမျိုးပါပဲ။ ကျွန်တော့်ဆီမှာ ဒယ်လီနဲ့ အသက်ရွယ်တူ သားတစ်ယောက်ရှိပါတယ်" ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK