Top News

မန်စီးတီး ရမှတ်လျှော့ပြစ်ဒဏ် အမှန်တကယ်ခံရနိုင်သလား
24htopnews | September 12, 2024 11:12 PM CST

-    မန်စီးတီးအသင်းအနေဖြင့် UEFA ၏ ပြစ်ဒဏ်အပြင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ ရမှတ်လျှော့ပြစ်ဒဏ်ကိုပါခံရဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ပရီးမီးယားလိဂ်အနေဖြင့် UEFA ကဲ့သို့ အလွန်တင်းကျပ်ခြင်းမရှိသဖြင့် ယင်းပြစ်ဒဏ်ကို အမှန်တကယ်ကျခံရရန်မှာ အခွင့်အလမ်းနည်းကြောင်း ဘောလုံးလေ့လာသူများက သုံးသပ်ခဲ့ကြသည်။

-    ထို့ပြင် ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းမှာ UEFAထက် များစွာသက်ညှာပြီး (၃)ရာသီအတွင်း ပေါင်(၁၀၅)သန်းအထိ အရှုံးပြမှုကို လက်ခံထားသလို၊ ယင်းအရှုံးငွေကိန်းဂဏန်းများမှာလည်း ကလပ်အသင်းများ၏ တင်ပြမှုကိုသာ ယုံကြည်စွာလက်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

-    ဥရောပတွင် ထင်ရှားသည့် ချန်ပီယံဆုပယ်ဖျက်မှုမှာ ၂၀၀၄-၀၅ ရာသီက ဂျူဗင်တပ်စ်အသင်း၏ စီးရီးအေချန်ပီယံဆုကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ ယင်းရာသီက ဂျူဗင်တပ်စ်အသင်းမှာ စီးရီးအေချန်ပီယံဖြစ်ခဲ့သော်လည်း လုပ်ပွဲအရှုပ်အထွေးပြဿနာကြောင့် အသင်းမှာ တန်းဆင်းခဲ့ရပြီး ၎င်းတို့၏ ၂၀၀၄-၀၅ ရာသီ ချန်ပီယံဆုကိုလည်း ပယ်ဖျက်ခဲ့ခြင်းဖြစ် သည်။

-    နောက်ရာသီဖြစ်သည့် ၂၀၀၅-၀၆ ရာသီ ချန်ပီယံဆုကိုမူ ဒုတိယ နေရာရရှိသည့် အင်တာမီလန်အသင်းထံ လွှဲပြောင်းပေးအပ်ခဲ့ရသည်။

 

 


READ NEXT
Cancel OK