Top News

ဝမ်းတွင်းမြို့နယ်တွင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများနှင့် ဥပဒေချိုးဖောက်မှုများရှိခဲ့သည်ဟုဆိုကာ လူ ၂၃ ဦးက ဆန္ဒပြ
24htopnews | September 6, 2024 3:13 PM CST

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွ င်တရားမဲ့ပြုကျင့်မှုများနှင့် ဥပဒေချိုးဖောက်မှုများ ရှိခဲ့သည်ဟုဆိုကာ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် အမှတ် (၂) ရပ်ကွက် မေခလာဟစ်တိုင်ကွင်းတွင် လူ ၂၃ ဦးက နိုဝင်ဘာ ၂၁ ရက်က ဆန္ဒပြခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒပြပွဲတွင် ဆန္ဒပြသူများက မဲခိုးမှုများ စစ်ဆေးပေးရေး ဒို့အရေး၊ မဲဆန္ဒရှင်စာရင်းများ စစ်ဆေးပေးရေး ဒို့အရေး၊ တရားမျှတသော ရွေးကောက်ပွဲဖြစ်မြောက်ရေး ဒို့အရေး၊ ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလဒ် အလိုမရှိ စသောဆိုင်းဘုတ်များ ကိုင်ဆောင်ကာ တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“ ဆန္ဒပြဖို့ စာတင်ထားတာ သုံးလေးရက်ရှိသွားပြီ။ တင်ထားတာက ကျမှန်း မကျမှန်း မသိတော့ ကြိုတင်ပြင်ဆင်မှုသိပ်မရှိခဲ့ဘူး။ ဒါပေမဲ့ ၂၈ ရက်နေ့မှာ မိတ္ထီလာမှာ ဆက်လုပ်ဦးမှာ။ ကျွန်တော်တို့ အမှတ် (၂) နယ်ဘက်မှာ မဲတွေက ကျွန်တော် တိတိကျကျသိတာက မဲစာရင်းနံပါတ်တွေ၊ တိုင်းဒေသကြီးက နယ်မြေလွဲတာတွေ၊ သွပ်ကြိုးနဲ့ တုတ်ထားတဲ့ ရွှေ့လျားမဲပုံးတွေ၊ အဲဒီဟာတွေက ဘယ်လိုပြောမလဲဆိုတော့ ကျွန်တော်တို့ သက်ဆိုင်ရာကို တိုင်ထားပေမယ့် ဘာမှအရေးမယူဘူး။ အဲဒီလူက အပြင်မှာပဲ လွတ်နေတုန်းရှိသေးတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ဘာမှမရှိဘူး။ အဲဒါတွေကို မကျေနပ်တာလည်းပါတယ်။ အွန်လိုင်းပေါ်မှာလည်း အခုပျံ့နေတယ်။ ဘာတွေပြန့်နေလဲဆိုတော့ နေရာတိုင်းမှာ မဲခိုးမှု၊ မဲလိမ်မှု၊ မဲမသမာမှုတွေ အများကြီးဖြစ်နေတယ်။ ဒီကိစ္စတွေ မကျေနပ်ဘူး။ ဒါတွေကလည်း သက်ဆိုင်ရာကို တိုင်မှာတွေ ရှိသေးတယ်။ ဒါပေမဲ့ သက်သေ အထောက်အထားလိုနေတယ်။ ကျွန်တော်တို့ရွာဘက်၊ နယ်ဘက်မှာဆိုရင် ကျွန်တော်တို့ တိုင်ရမယ့်ဟာတွေ ၁၄ ချက်ရှိပါတယ်။ တိုင်ရမယ့်ဟာတွေ၊ သက်သေလိုက်နေတာ ရှစ်ချက်လောက်တော့ ရပါပြီ။ ဒါပေမဲ့ ရွေးကော်ကို မပို့ရသေးဘူး။ သက်ဆိုင်ရာဌာနတွေကို ပို့မှာပါ။ အကောင်အထည်ပေါ်ပြီး သက်သေသက္ကာယနဲ့မိတာကတော့ ကော်မရှင်ဥက္ကဋ္ဌက နှစ်ဖက်ကိုယ်စားလှယ်မပါဘဲ သူတစ်ယောက်ထဲနဲ့ ရွှေ့လျားမဲပုံးကြိုတင်မဲတွေ လျှောက်ကောက်တယ်။ ကျွန်တော် ပြောတဲ့ကိစ္စတွေကို ကျွန်တော် တာဝန်ယူပါတယ်။ အခုဆန္ဒပြရတဲ့အကြောင်းရင်း UEC ထုတ်ပြန်ထားတဲ့ရလဒ်ကို ကျွန်တော်တို့ မကျေနပ်ဘူး။ နောက်ထပ်က ကြိုတင်မဲတွေကို ပြန်စစ်ဆေးပေးဖို့။ မဲဆန္ဒရှင်စာရင်းတွေကို ပြန်စစ်ဆေးပေးဖို့၊ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ဖို့ အဲဒီအချက်လေးချက်ကိုတောင်းဆိုတာပါ” ဟု ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ဝမ်းတွင်းမြို့နယ်တဲစုကျေးရွာမှ ကိုမင်းမင်းက ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝမ်းတွင်းမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၉၂၀၀၀ ကျော်ရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁) နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) စသည့် လွှတ်တော်ကိုယ်စားလှယ် လေးနေရာစလုံးတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက မဲအသာဖြင့် အနိုင်ရရှိခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း ဝမ်းတွင်းမြို့နယ်ရှိ မဲဆန္ဒနယ်များတွင် NLD ပါတီကသာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

 


READ NEXT
Cancel OK