Top News

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင် မန္တလေးဆေးရုံကြီးတွင် ကွယ်လွန်
24htopnews | November 10, 2024 7:12 PM CST

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင် မန္တလေးဆေးရုံကြီးတွင် နို၀င်ဘာလ၈ရက် ည၁၀နာရီခန့်က ကွယ်လွန်သွားကြောင်း စုံစမ်းသိရှိရသည်။အဂတိလိုက်စားမှုစွပ်စွဲချက်နှင့် အိုးဘိုထောင်တွင် ထောင်ဒဏ် ၂၈ နှစ် ကျခံနေရသည့် ၀န်ကြီးဟောင်း ဦး၀င်းခိုင်သည် ကျန်းမာရေးမကောင်းသဖြင့်မန္တလေးဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲတွင် ဆေးကုသမှုခံယူခဲ့ရပြီး ထိုသို့ဆေးကုသမှုခံယူနေစဥ် ဦး၀င်းခိုင်အား သက်ဆိုင်ရာကအောက်တိုဘာ ၂၈ ရက် ညနေပိုင်းတွင် လွတ်ငြိမ်းသက်သာခွင့် အမိန့်ထုတ်ပြန်ပေးခဲ့သည်။

ထို့နောက် ဦး၀င်ခိုင်သည် ဆေးကုသမှုဆက်လက်ခံယူနေရခြင်းဖြစ်ကာ ကွယ်လွန်သွားခြင်းဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖမ်းဆီးခဲ့ပြီး နိုင်ငံ့ဘဏ္ဍာငွေ ကျပ် ခြောက်ဘီ လျံခန့် နစ်နာမှုကြောင့်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်က အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ နှင့် အမှုဖွင့်ခံရပြီး နောက် ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ရသူ လည်း ဖြစ်သည်။

NLD အစိုးရ လက်ထက်တွင် ဦးဝင်းခိုင် ကို ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ ပြီး ၂၀၁၈ ခုနှစ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း တာဝန်မှ အနားယူပြီးနောက် ဦးဝင်းခိုင်ကို ၎င်းနေရာတွင် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK