Top News

အကြမ်းဖက်မှုများသည် တရားဥပဒေ စိုးမိုးရေးစနစ် ယုတ်လျော့နေခြင်းကို ပြသနေခြင်းဖြစ်ပြီးအကြမ်းဖက်မှုကို ပေါ်ပေါက်အောင် ခွင့်ပြုပေးထားသော နိုင်ငံရေးစနစ်ကို ပြန်လည်သုံးသပ်ရလိမ့်မည်ဟု SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
24htopnews | September 6, 2024 3:13 PM CST

အကြမ်းဖက်မှုများသည် တရားဥပဒေ စိုးမိုးရေးစနစ် ယုတ်လျော့နေခြင်းကို ပြသ နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုကို ခွင့်ပြုပေး ထားသော နိုင်ငံရေးစနစ်ကို ပြန်လည်သုံး သပ်ရလိမ့်မည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ပြောရေး ဆိုခွင့်ရှိသူ စိုင်းလိတ်က ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည် နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အ မှတ် (၁)၌ အနိုင်ရခဲ့သော NLD ပါတီမှ လွှတ် တော်ကိုယ်စားလှယ် ဦးထိုက်ဇော်သည် နို ဝင်ဘာ ၂၁ ရက်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ ရပြီး အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ် သက်၍ SNLDပြောရေးဆိုခွင့်ရှိသူ စိုင်း လိတ်က ထိုသို့မှတ်ချက်ပြုပြော ကြားသည်။

ရွေးကောက်ပွဲအနီးတွင် ဖြစ်ပွားခဲ့ သော အကြမ်းဖက်မှုများသည် ယခုအခါမှ သာဖြစ်ပွားခြင်းမဟုတ်ကြောင်း၊ ၂၀၁၅ ခုနှစ် တွင် နမ့်ခမ်းမြို့၌ ပြည်ခိုင်ဖြိုးပါတီက မဲဆွယ် စည်းရုံးနေစဉ် လူထုအကြား၌ပင် သေနတ် ဖြင့် ပစ်ခတ်ခဲ့ခံရသောဖြစ်စဉ် ဖြစ်ပွားခဲ့ ကြောင်း၊ NLD ပါတီမှအမျိုးသား လွှတ် တော်ကိုယ်စားလှယ် ဦးထိုက်ဇော်၏ ဖြစ်ရပ် မတိုင်မီ သုံးရက်အလို၌ ကွတ်ခိုင်တွင် ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော SNLD ပါတီကိုယ်စားလှယ်လောင်း စိုင်း ပြည့်ဖြိုးကျော်ကို လူခြောက်ဦးက ဆိုင်ကယ် ဖြင့်ညှပ်ကာ ထိုးကြိတ်ခြင်းနှင့် စာရွက်စာ တမ်းများ၊ ငွေကြေးများယူဆောင်သွားသော ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် အမျိုးမျိုး သော အကြမ်းဖက်မှုဖြစ်စဉ်များသည် ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားခဲ့ဖူးကြောင်း စိိုင်းလိတ်က ပြောကြားသည်။

“၂၀၁၈-၁၉၊  ၂၀၂၀ တောက်လျှောက် ပဲ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ မှာ အဲဒီလိုဖြစ်ရပ်မျိုးတွေ ပစ်ခတ်တာတွေ၊ လုပ်ကြံတာတွေက မကြာခဏလို ဖြစ်ပေါ် နေတယ်။ ဒါတွေအကုန်လုံး တရားခံကို ဖမ်း မိသလားလို့မေးရင် ကြားကိုမကြားမိဘူး။ အမှုမှန်ပေါ်ပေါက်သလားဆိုတော့ တစ်ခါမှ လည်း မကြားမိဘူး။ အဲဒီတော့ ဒါတွေဘာ ကြောင့်ဖြစ်တုန်းဆိုတော့ ကျွန်တော်တို့ရဲ့ တရားဥပဒေစိုးမိုးရေးစနစ်က အင်မတန်ကို ပဲ ယုတ်လျော့နေတယ်ဆိုတာပြတာပဲ။ အဲဒီ တော့ ဒီနေ့လို့အခင်းအကျင်းမျိုး ပေါ်ပေါက် အောင် အကြမ်းဖက်မှုမျိုးတွေပေါ်ပေါက်  အောင် ခွင့်ပြုထားပေးတဲ့ ကျွန်တော်တို့နိုင်ငံ ရေးစနစ်ကရော ဘယ်အတိုင်းအတာထိ ရောက်နေပြီလဲဆိုတာကို အသေအချာသုံး သပ်ရပါလိမ့်မယ်”ဟု SNLD ပြောရေးဆို ခွင့်ရှိသူ စိုင်းလိတ်က ပြောကြားသည်။    

ထို့ပြင် လတ်တလောဖြစ်စဉ်တစ်ခု တည်းအပေါ်တွင်ကွက်၍ ဝေဖန်သုံးသပ်မှု များ ပြုလုပ်ကြမည်ဆိုပါက လူမျိုးရေးအရ ဖြစ်စေ၊ အဖွဲ့အစည်းအရဖြစ်စေ၊ ပါတီအ ချင်းချင်းဖြစ်စေ စိတ်ဝမ်းကွဲမှုများဖြစ်လာ နိုင်ကြောင်းလည်း SNLD ပါတီ၏ပြော ရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ထို့အတူ NLD ပါတီအနိုင်ရ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်လုပ်ကြံသတ် ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မဲရလဒ် အ ပေါ် အခြေခံပြီး ပြောဆိုနေမှုများသည် အ ခြေအမြစ်မရှိသော စွပ်စွဲချက်များသာဖြစ်ပြီး အမှုမှန်မပေါ်ပေါက်မီ မယုံသင်္ကာကိစ္စရပ်များ နှင့် စွပ်စွဲပြောဆိုခြင်းများမပြုရန် ရှမ်း ပြည် နယ်မြောက်ပိုင်း NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီကလည်း စာထုတ် ထားကြောင်း စိုင်းလိတ်က ပြောကြားသည်။

 


READ NEXT
Cancel OK