Top News

ရွေးကောက်ပွဲ အနိုင်ရ ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်(၁) ကိုယ်စားလှယ် လုပ်ကြံ သတ်ဖြတ်ခံရမှုအပေါ် အရေးယူပေးရန် မြန်မာနိုင်ငံ ဆိုင်ရာ သံရုံးအချို့ထုတ်ပြန်
24htopnews | September 6, 2024 3:13 PM CST

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (NLD) ပါတီမှ ရွေးကောက်ပွဲအနိုင်ရ ရှမ်း ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁)ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှုအပေါ် ဥပဒေ နှင့်အညီ အရေးယူပေးရန် မြန်မာနိုင်ငံဆိုင်ရာ သံရုံး အချို့က နိုဝင်ဘာ ၂၃ ရက်တွင် ကြေညာချက် အသီးသီး ထုတ်ပြန်သည်။

ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်သည် နိုဝင်ဘာ ၂၁ ရက်တွင် ၎င်း၏နေအိမ်၌ပင် သေနတ် ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိသော အ မျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက် ဇော် လုပ်ကြံသတ်ဖြတ်ခံရမှုကို အပြင်းအ ထန်ရှုတ်ချကြောင်းနှင့် ကျန်ရစ်သူ မိသားစု များ၊ ဆွေမျိုးများနှင့်အတူ လွန်စွာဝမ်းနည်း ကြေကွဲကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂကိုယ်စားလှယ်အဖွဲ့က နိုဝင်ဘာ ၂၃ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ အကြမ်းဖက်လုပ်ရပ်ကို ကျူး လွန်သည့် တာဝန်ရှိသူကို ဖော်ထုတ်ဖမ်း ဆီး ပြီးတရားဥပဒေနှင့်အညီ အရေးယူရမည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂကိုယ်စားလှယ်အဖွဲ့၏ ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဥရောပသမဂ္ဂအနေဖြင့် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းတစ်လျှောက် တွင်မဆုတ်မနစ် လက်တွဲဖေးမမည်ဖြစ် ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ကိုယ် စားပြု၍ ရှမ်းပြည်နယ်တွင် အမျိုးသားလွှတ် တော်အတွက်ရွေးချယ်ခံရသူ၏ သတ်ဖြတ် ခံရမှုအတွက် တာဝန်ရှိသူများကို ဥပဒေအရ တရားရုံးတွင် အရေးယူဖြေရှင်းရန် တိုက် တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီးကလည်း နိုဝင်ဘာ ၂၃ ရက် တွင်ကြေညာချက်ထုတ်ပြန် သည်။

ဦးထိုက်ဇော်၏ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများအား လှိုက်လှဲစွာ ဖြင့် ဝမ်းနည်းကြေကွဲကြောင်း ပြောကြားလို ပြီး နိုဝင်ဘာ ၂၁ ရက်တွင် ပင်တိန်ရွာ၌ သူ ရဲဘောကြောင်စွာ လုပ်ကြံသတ်ဖြတ်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင် ရာ ပြင်သစ်သံအမတ်ကြီးက သတင်း ထုတ် ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက လည်း NLD ပါတီ၏အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်သည် နိုဝင်ဘာ ၂၁ ရက်က ၎င်း၏နေအိမ်ရှေ့တွင် သေ နတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့်အ တွက် ၎င်းင်း၏ မိသားစုဝင်များ၊ မိတ်ဆွေများ နှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရ ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ကြေညာ ချက်ထုတ်ပြန်သည်။

 


READ NEXT
Cancel OK