Top News

ကော့ကရိတ်မြို့နယ်တွင် ဓာတ်အားပေးတာဝါတိုင် ပျက်စီးမှုကို ပြင်ဆင်ဆောင်ရွက်နေသော လျှပ်စစ်ဝန်ထမ်းများ ချောင်းမြောင်းပစ်ခတ်ခံရသဖြင့် တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိ
24htopnews | August 10, 2024 12:12 PM CST

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ဓာတ်အားပေးတာဝါတိုင်ပျက်စီးမှုအား ပြင်ဆင်ဆောင်ရွက်နေသော လျှပ်စစ်ဝန်ထမ်းများ ချောင်းမြောင်းပစ်ခတ်ခံရသဖြင့် တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သြဂုတ် ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာအနီးရှိ ဓာတ်အားပေးတာဝါတိုင် နှစ်ခုအား သြဂုတ် ၂၀ ရက် ည ၁၁ နာရီခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဓာတ်အားပြတ်တောက်လျက်ရှိသည့် သတင်းကို သြဂုတ် ၂၁ ရက်က ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့သော မြို့နယ်အချို့တွင် ဓာတ်အားပြန်လည်ပေးအပ်နိုင်ရေးအတွက် မော်လမြိုင်မြို့ မဟာဓာတ်အားလိုင်းမှူးရုံးမှ ကျွမ်းကျင်ဝန်ထမ်းများက ပဲခူး-ကမာနစ်-စစ်တောင်း-သထုံ- မော်လမြိုင်-ကျုံဒိုး -ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ- ကော့ကရိတ်-သင်္ကန်းညီနောင်-မြဝတီသို့ ဆက်သွယ်ထားသည့် မဟာဓာတ်အားလိုင်း ၂၃၀ ကေဗွီတာဝါတိုင်အမှတ်၊ ၁၇၂ အား ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ဆောင်ရွက်နေစဉ် သြဂုတ် ၂၉ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်တွင် KKO(ခွဲထွက်)အဖွဲ့နှင့် PDF ၂၀ ခန့်က အာရ်ပီဂျီ၊ ၄၀ မမ လက်နက်ကြီးများ၊ လက်ဖြောင့်သေနတ်များ၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ပစ်ခတ်မှုကြောင့် မဟာဓာတ်အားလိုင်းမှူးရုံးမှ ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရဝန်ထမ်းများအား ကော့ကရိတ်မြို့ နယ်မြေခံ ဆေးတပ်ရင်းသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးများ ကုသပေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည် KKO (ခွဲထွက်)အဖွဲ့နှင့် PDF များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ဖမ်းဆီးလျက်ရှိကြောင်းနှင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


READ NEXT
Cancel OK