Top News

ရုရှားနိုင်ငံတွင် ပြုလုပ်မည့် Victory Day of Great Patrioitc War (၇၅) နှစ်မြောက်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်မှ ထွက်ခွာ
24htopnews | July 29, 2024 5:12 PM CST

တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည့် ရုရှားနိုင်ငံတွင် ပြုလုပ်မည့် Victory Day of Great Patrioitc War (၇၅) နှစ်မြောက် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာသွားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရုရှားနိုင်ငံတွင် ပြုလုပ်မည့် Great Patrioitc War (၁၉၄၁-၁၉၄၅ ) အောင်နိုင်မှု (၇၅) နှစ်မြောက်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ကို ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“ အဓိကကတော့ အခမ်းအနားတက်ဖို့ပါပဲဗျာ။ အဲဒီမှာ သူက ရုရှား Victory Day ပေါ့။ Victory Day က သူတို့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဖက်ဆစ်တော်လှန်ရေးလိုပဲ သဘောပေါ့။ အဲဒီမှာ ဒီနေ့နဲ့ပတ်သက်ပြီးတော့ စစ်ရေးပြအခမ်းအနား လုပ်နေကျဖြစ်တယ်။ အဲဒီမှာ ဖိတ်ကြားထားတာဖြစ်တယ်။ ကျွန်တော်တို့ သိရသလောက်ကတော့ သမ္မတ ၁၀ ယောက်လောက် တက်မယ်။ ကာကွယ်ရေးဝန်ကြီး ဒါမှမဟုတ် စစ်ဦးစီးချုပ်ပေါ့။ ကာကွယ်ရေးဝန်ကြီးလည်း ငါးယောက်ကျော်လောက် တက်မှာဖြစ်ပါတယ်” ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ရုရှားနိုင်ငံတွင် ဇွန် ၂၄ ရက်၌ ပြုလုပ်မည့် အဆိုပါအခမ်းအနားသို့ နိုင်ငံပေါင်း ခြောက်နိုင်ငံခန့်မှ စစ်ရေးပြအဖွဲ့များ တက်ရောက်၍ စစ်ရေးပြကြမည်ဖြစ်ကြောင်းလည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိအချိန်သည် COVID-19 ရောဂါကာလအတွင်း ဖြစ်သည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် နေပြည်တော်မှမထွက်ခွာမီ ဆေးစစ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါ ဆေးစစ်ချက်ရလဒ်များကို တစ်ပါတည်းယူဆောင်သွားခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာပါက COVID-19 စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ Quarantine ဝင်ခြင်း စသည့်လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။


READ NEXT
Cancel OK