ဇူလိုင် ၁၅ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၀၃ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ် ၂၀၄၅၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ဇူလိုင် ၁၅ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းအနေဖြင့် ၁၆ ပဲရည်အခေါက်ရွှေစျေးမှာကျပ် ၂၀၄၅၀၀၀ ဝန်းကျင်၊ ၁၅ ပဲရည်ရွှေစျေးမှာ ၁၉၃၉၀၀၀ ကျပ်ဝန်းကျင်ရှိနေသည်။
ရွှေဆိုင်အချို့သည် ငွေသား Cash Down စနစ်ဖြင့် ပြန်ဝယ်ဦးစားပေးစနစ်ဖြင့် ဝယ်ယူနေကြောင်း အသိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။
ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။
လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈-၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိ ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များ ဖြစ်သောကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေဖြည့်တင်းရန် အချက်နှစ်ချက်အား အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံအား ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ် မေ ၉ ရက်တွင် ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများလဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၁၄၀ ကျပ်၊ စင်ကာ ပူဒေါ်လာ ၁၄၈၀ ကျပ်၊ မလေးရှားရင်းဂစ် ၄၅၈ ကျပ်၊ ထိုင်းဘတ် ၆၀ ကျပ်၊ တရုတ် ယွမ် ၃၁၈ ကျပ်၊ ဂျပန်ယန်း ၁၈ ကျပ်တို့ဖြစ်သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်