မင်းပြားနှင့် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ အပါအဝင် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၁၂ နေရာ၌ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိကြောင်း သိရသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင် ၂၃ ရက်က တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်း ထုတ်ပြန်ကြေညာခဲ့ရာ ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် ၁၂ နေရာအတွက် ကိုယ်စားလှယ်လောင်းစာရင်း မပါဝင်လာခြင်းဖြစ်သည်။
"စာရင်းက ပေးတဲ့သူလည်း ရှိပါတယ်။ တချို့ကျတော့လည်း အကြောင်းကြောင်းကြောင့် မရှိကြဘူး။ သို့သော်လည်း ကျွန်တော်တို့ပြည်နယ်က တက်သွားတုန်းက များသောအားဖြင့်တော့ နှစ်နေရာလောက်တော့ ပါကြပါတယ်။ အခုမပါလာတော့ဘူးဆိုရင်တော့ ဗဟိုက စိစစ်ပြီး လိုအပ်ချက်ရှိလို့ ဖြစ်ကောင်းဖြစ်မှာပါ။ CEC က စစ်တာဆိုတော့ အတိအကျတော့ မပြောနိုင်ဘူး။ လျှောက်တဲ့သူကတော့ရှိတယ် အပြည့်အစုံတော့ မဟုတ်ဘူးပေ့ါ" ဟု ရခိုင်ပြည်နယ် NLD ပါတီရုံး၏ ရုံးအဖွဲ့မှူုးဖြစ်သူ ဦးခင်မောင်ရီက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် မင်းပြားနှင့် မြောက်ဦးမြို့နယ်တွင်လည်းကောင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၅)၊ အမှတ်(၆)၊ အမှတ်(၈)၊ အမှတ်(၉)၊ အမှတ်(၁၀)တွင်လည်းကောင်း၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များတွင် မင်းပြားအမှတ်(၁)၊ မြောက်ဦးအမှတ်(၂)၊ ရသေ့တောင်အမှတ်(၁)၊ ကျောက်တော်အမှတ်(၁)နှင့် အမှတ်(၂) တို့တွင် ရွေးကောက်ပွဲမဝင်ရောက်ခြင်းဖြစ်သည်။
"ရုံးတွေကတော့ မြို့တိုင်းမှာရှိတယ်။ တချို့နေရာတွေကျတော့ လှုပ်ရှားလို့မရဘူး။ တချို့ကျတော့လည်း စာရင်းမပေးရဲဘူးပေါ့"ဟု လက်ရှိတွင် သံတွဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ယင်းမဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းစာရင်းတွင် ပြန်ပါလာသူ ဦးမင်းကြည်က ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် NLD ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၅ နေရာ၊ အမျိုးသားလွှတ်တော် ခုနစ်နေရာ၊ ပြည်နယ်လွှတ်တော် ၃၀ နေရာ (ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ) တို့တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်